The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Saturday, August 10, 2013
Windows အမျိုးမျိုးကို USB မှ တင်နည်း
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ
ဝင်းဒိုးကလည်း အသစ်တင်ရတော့မယ်
ဒါပေမယ့် CD/DVD Drive ကလည်း
မကောင်းတော့တဲ့ အခြေအနေမျိုးတွေနဲ့
ကြုံရတတ်ပါတယ် ...
အဲဒီအခါ USB လေးနဲ့ Boot တက်ပြီး
ဝင်းဒိုးအသစ်တင်ခြင်းကိစ္စကို
အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါတယ်
USB ကနေ ၀င်းဒိုးတင်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိသလို
ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီး အဆင်ပြေတဲ့နည်းအချို့ကို လွန်ခဲ့တဲ့
လအနည်းငယ်က တင်ပေးခဲ့ဖူးပါတယ် ..
အဲဒီပို့စ်တွေမှာ တင်ခဲ့နည်းတွေထဲမှာ ဆော့ဝဲကိုသုံးပြီး တင်တဲ့နည်းမှာ
ဝင်းဒိုးအမျိုးအစား ကန်သတ်ချက်ရှိပြီ .. ဆော့ဝဲမသုံးပဲ .. Command Prompt ကနေ
ပြင်ဆင်ဆောင်ရွက်တဲ့နည်းကတော့ အချို့သော Beginner User တွေအတွက် အဆင်သိပ်မပြေတာမျိုးတွေ
ရှိပါတယ် ..
ဒါကြောင့်လည်း ကျွန်တော်လက်လှမ်းမှီသလောက် စမ်းသပ်ရင်း ကလိရင်းနဲ့ အခုနည်းလေးကို တွေ့လာပါတယ်
ဆော့ဝဲသုံးပြီး ဆောင်ရွက်ရတာမို့ အဆင်ပြေလွယ်ကူတဲ့အပြင် ၀င်းဒိုးအမျိုးအစားမရွေးလည်း မရွေးပါဘူး ..
Windows xp, Vista, Widnows 8 စတဲ့ Microsoft Windows တွေအပြင် Linus အခြေပြု ၀င်းဒိုးတွေတောင်
အဆင်ပြေပြေနဲ့ တင်လို့ရတာကို တွေ့ရပါတယ် ..
ကဲ .. ပထမဆုံး ဒေါင်းယူထားရမယ့်ဆော့ဝဲကတော့ Magic ISO Maker ဆိုတဲ့ ဆော့ဝဲပါ ..
ဒီဆော့ဝဲဟာ ဖိုင်ပမာဏ သေးငယ်ပေမယ့် တော်တော်ဈေးကြီးတဲ့ အဖိုးတန်ဆော့ဝဲဖြစ်တာကြောင့်
အသုံးပြုနိုင်တဲ့သူ နည်းပါတယ် ..
Trail Version အဖြစ်လည်း အဆင်ပြေအောင်သုံးလို့မရတဲ့အပြင် Online မှာ Registered Version အဖြစ်
ဝယ်ယူမယ်ဆိုရင်လည်း $29 ကျော် ပေးရမှာဖြစ်လို့ အဖိုးတန်ဆော့ဝဲတစ်ခုလည်း ဖြစ်ပါတယ် ..
ကျွန်တော်ကတော့ ကလိမ်ကကျစ်နည်းနဲ့ Free ရအောင်လုပ်ယူထားတာဖြစ်တဲ့အတွက် အရင်းအတိုင်းပဲ
ပြန်ရောင်းပေးပါ့မယ် .. အောက်မှာ ဒေါင်းယူလိုက်ပါ
Download 'Magic ISO Maker' full version from the link below;
ဒေါင်းပြီးပြီးရင် Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ ..
ပြီးရင် ပရိုဂရမ်ကို Run လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်
[Bootable USB]
အဲဒီထဲက Register ကို နှိပ်လိုက်ပါ ပွင့်လာတဲ့ အကွက်ထဲမှာထည့်ရမယ့် Name နဲ့ Serial ကိုတော့
notepad ထဲမှာ ပေးထားတာကို ကော်ပီကူးယူပြီး ထည့်ပေးလိုက်ပါ
(အင်တာနက် ဖွင့်ထားရပါမယ် )
name အကွက်မှာ ကိုယ်ကြိုက်တဲ့နံမည် ထည့်ပေးလို့မရဘူးနော် .. ပုံထဲမှာ It Motesoe ဖြစ်နေတာက
ကျွန်တော် Crack နေတုန်းက Screen Shot ယူထားတဲ့ပုံမို့လို့ပါ
[Bootable USB]
Name နဲ့ Serial ကို ထည့်ပြီးရင်တော့ Register ကို နှိပ်ပေးလိုက်ပါ .. အင်တာနက်ချိတ်ထားတယ်ဆိုရင်
ပရိုဂရမ်ဟာ ဆက်တိုက်ပွင့်သွားပါမယ် .. about ကိုနှိပ်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း
Full Version ဖြစ်နေတာ တွေ့ရပါလိမ့်မယ် ..
[Bootable USB]
ကဲ .. အဲဒီ ပရိုဂရမ်ကို သုံးပြီး ကိုယ်တင်ချင်တဲ့ ၀င်းဒိုးခွေကို ISO ဖိုင်အဖြစ် ဖန်တီးရပါမယ်
ပြီးရင်တော့ .. ရလာတဲ့ ISO ဖိုင်ကို USB ကနေ Boot တက်နိုင်အောင် လုပ်ပေးမယ့် Unetbootin ဆိုတဲ့
ဆော့ဝဲကိုတော့ အောက်မှာ ဒေါင်းယူလိုက်ပါ
Download Unetbootin from the link below;
ဒေါင်းပြီးရင် Install လုပ်စရာမလိုပါဘူး .. အထဲက exe ဖိုင်လေးကို ဖြည်ပြီး Run လိုက်တာနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...
[Bootable USB]
အဲဒီထဲမှာ ကိုယ့်ရဲ့ ၀င်းဒိုး ISO ဖိုင်ကို ရွေးပေး .. USB ကိုလည်း ရွေးပေးပြီး OK ကို နှိပ်ပေးလိုက်တာနဲ့ လုပ်စရာရှိတာတွေကို ဆော့ဝဲလေးက လုပ်ပေးသွားပါလိမ့်မယ် ...
ကဲ .. ပိုပြီး အဆင်ပြေအောင် အောက်မှာ ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ် ..
Bootable USB လေးရလာရင်တော့ First Boot Device မှာ USB ကို ထားပြီး ၀င်းဒိုးတင်လိုက်ရိုပဲပေါ့နော်
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး..
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment