Nov182012
Free Youtube Downloader
Facebook ပေါ်က သူငယ်ချင်းတစ်ယောက်တောင်းထားလို့ Free Youtube Downloader ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ
>>> Download <<<
ဒေါင်းပြီးသွားရင် ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ .. အထဲမှာပါတဲ့ free youtube download setup ဖိုင်လေးကို Double Click နှိပ်ပြီး Run လိုက်ရင် ပုံမှန်ဆော့ဝဲတွေကို Install လုပ်သလိုပဲ Next တွေ OK တွေပေးလိုက်ရုံပါပဲ ..
ကဲ .. အသုံးပြုပုံကတော့ သိပ်မခက်ပါဘူး .. Youtube ကိုဝင်ပြီး ကိုယ်လိုချင်တဲ့ဖိုင်အပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ ကျလာတဲ့ Box လေးထဲမှာ Download with free youtube downloader ဆိုတာလေးကိုရွေးပေးလိုက်တာနဲ့ ဒီဆော့ဝဲလေးက အလိုလိုဝင်ပြီး အလုပ်လုပ်သွားပါလိမ့်မယ် ..
ဒါကတော့ သမားရိုးကျ Download လုပ်တာပါ ...
အဲ .. နောက်ထပ်တစ်နည်းကတော့ .. ပထမဆုံး Desktop ပေါ်က Free Youtube Downloader ဆိုတဲ့ Icon လေးကို Double click နှိပ်ပြီး Run ပေးလိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း ပွင့်လာပါမယ် ..
Youtube မှာရှိတဲ့ ကျွန်တော်တို့ လို့ချင်တဲ့ ဖိုင်ရဲ့ address bar မှာရှိတဲ့ Link ကို Copy လုပ်ယူလာပြီး အဲဒီပွင့်လာတဲ့ထဲက Paste ကိုနှိပ်လိုက်တာနဲ့ ကော်ပီယူလာတဲ့ Link လေးပေါ်လာပါမယ် .. Checking လုပ်နေတာကို ခဏစောင့်ပေးလိုက်တာနဲ့ Download ဆိုတာလေး အဆင်သင့်ဖြစ်လာတဲ့အခါ အဲဒီ Download ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ ..
ဒါအပြင် .. Desktop ပေါ်မှာရှိတဲ့ DVD Videosoft Free Studio ဆိုတဲ့ Icon လေးထဲကို Run ပြီး ပွင့်လာတဲ့ထဲမှာ လုပ်လို့ရတာတွေ အများကြီးရှိနေပါသေးတယ် .. Function တွေက များလွန်းလို့ ကျွန်တော်ကိုယ်တိုင်လည်း အမျိုးစုံအောင် မသုံးတတ်သေးပါဘူး ..
ကဲ .. သူငယ်ချင်းတို့ Free Download ဆော့ဝဲလေးနဲ့ ပျော်ရွှင်နိုင်ကြပါစေ ..
နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

No comments:
Post a Comment