Wednesday, August 14, 2013

အိုင်တီမုဆိုး: ကွန်ပျူတာမှာသုံးဖို့ Viber For PC

အိုင်တီမုဆိုး: ကွန်ပျူတာမှာသုံးဖို့ Viber For PC: Viber ဆိုတာ လူသိများတဲ့ Android Application လေးတစ်ခုပါ ဒါပေမယ့် အခုဆိုရင် Viber က ကွန်ပျူတာတွေအတွက်ပါ ထုတ်လုပ်ခဲ့ပြီဖြစ်ပါတယ် ဒါပေမယ်...



ကွန်ပျူတာမှာသုံးဖို့ Viber For PC

Viber ဆိုတာ လူသိများတဲ့ Android Application လေးတစ်ခုပါ

ဒါပေမယ့် အခုဆိုရင် Viber က ကွန်ပျူတာတွေအတွက်ပါ
ထုတ်လုပ်ခဲ့ပြီဖြစ်ပါတယ်

ဒါပေမယ့် ကွန်ပျူတာအတွက် Viber ကို ဒေါင်းတဲ့နေရာမှာ Installer ကနေတစ်ဆင့်ခံ ပြန်ဒေါင်းရတဲ့အတွက် တချို့သော User တွေအဖို့ အခက်အခဲရှိပါတယ် ..




ဒါကြောင့် .. အခု ဒီပို့စ်လေးထဲမှာ Installer ကို အရံသင့်တင်ပေးထားပါတယ်

Installer ကို မူရင်းဝက်ဆိုဒ်မှာဒေါင်းချင်သူတွေအနေနဲ့ ဒီနေရာ ကို သွားလိုက်ပါ

အောက်ကပုံလေးအတိုင်းတက်လာရင် Get Viber ကိုနှိပ်လိုက်ပါ





လိုအပ်တဲ့ Installer ကို ဒေါင်းယူသွားပါလိမ့်မယ် ( Viber ကို Ban ထားတဲ့နိုင်ငံမဟုတ်ရင်ပေါ့နော်)

အဲဒီ Installer ကို မူရင်းဝက်ဆိုဒ်က ဒေါင်းယူဖို့ အခက်အခဲရှိနေသူတွေအတွက်

ဒီနေရာမှာ တင်ပေးထားပါတယ်

ဒါကတော့ ကွန်ပျူတာမှာ Install လုပ်ပြီး အမြဲတမ်းအသုံးပြုနေချင်တဲ့သူတွေအတွက်ပါ
အဲဒီ Installer ကို Run လိုက်တာနဲ့ လိုအပ်တဲ့ ၀င်းဒိုးစနစ်ဖိုင်တွေကို
သူ့ရဲ့ မူရင်း ၀က်ဆိုဒ်နဲ့ ချိတ်ဆက်ပြီး ဒေါင်းယူ Install လုပ်သွားပါလိ့မ့်မယ် ( အင်တာနက်တော့ ချိတ်ထားပေါ့နော်)
စုစုပေါင်းဒေါင်းယူမယ့် ဖိုင်ပမာဏက 60MB ၀န်းကျင်ရှိတာကြောင့်ရယ် မူရင်းဝက်ဆိုဒ်ရဲ့ Bandwidth ထိန်းချုပ်ထားမှုတွေရယ်ကြောင့် စိတ်ရှည်ရှည်နဲ့တော့ စောင့်ပြီး ဒေါင်းပေးရပါမယ် ..

အဲ .. Portable အဖြစ်အသုံးပြုချင်သူတွေအတွက်တော့ Portable လေးလုပ်ပြီး ဒီနေရာ မှာ တင်ပေးထားပါတယ်

Portable ကိုတော့ ဒေါင်းယူပြီးရင် ဖိုင်ကိုဖြည်လိုက်ပြီး အထဲက Viver ဆိုတဲ့ exe ဖိုင်လေးကို Run လိုက်တာနဲ့ Viber ဆိုတဲ့ဖိုဒါလေးတစ်ခု ပွင့်လာပါမယ်
ပရိုဂရမ်ဆက်ပွင့်မလာဘူးဆိုရင် အဲဒီ exe ဖိုင်ကိုပဲ နောက်တစ်ခါထပ် Run ပေးလိုက်ပါ
အဲဒီမှာ ကွန်ပျူတာကနေအသုံးပြုနိုင်ဖို့ Activate လုပ်ရအောင် ဖုန်းထဲမှာ Viber ကို Install လုပ်ပြီးသား ရှိပါသလားလိုမေးတဲ့ Box လေးတစ်ခုတက်လာတာကို Yes နှိပ်ပေးလိုက်ပါ ..
နောက်ထပ် Box တစ်ခုတက်လာတဲ့ထဲမှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ကို ထည့်ပေးပါ ( ဖုန်းထဲမှာလည်း Viber ကို Run ထားပေးရပါမယ်)
ဖုန်းနံပါတ်ထည့်ပြီးတာနဲ့ Activate ဒါမှမဟုတ်ရင်လည်း Get code ကို နှိပ်ပေးလိုက်ပါ
ခဏကြာတာနဲ့ Viber ကို Run ထားတဲ့ဖုန်းမှာ Text Message နဲ့ ကုဒ်လေးလုံးပို့ပေးပါလိမ့်မယ်
အဲဒီကုဒ်ကို ကွန်ပျူတာမှာပေါ်လာတဲ့ ကုဒ်ထည့်ရမယ့်အကွက်မှာ ထည့်ပေးပြီး Submmit ဒါမှမဟုတ်ရင် Activate ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် ကွန်ပျူတာပေါ်ကနေ Viber ကို အသုံးပြုလို့ ရသွားပြီဖြစ်ပါတယ် ..
( Installer နဲ့ ဒေါင်းယူပြီး Install လုပ်တဲ့သူတွေလည်း ဒီလိုပဲ အဆင့်ဆင့်သွားရမှာ ဖြစ်ပါတယ်)
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.

No comments:

Post a Comment

One Young World 2016 Summit Highlights