Thursday, July 25, 2013

မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့ - THIT HTOO LWIN

မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့ - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း

YTalk

ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ မနက်မိုး လင်းအိပ်ရာထချိန် ကနေ စပြီး နှစ်နာရီ သုံးနာရီ ခြား တစ်ခါ တစ်ဖန်ခွက်စီ သောက်ပေးရင်ဘာမှ အပန်းမကြီးဘဲ အကျိုး အများကြီးရနိုင်ပါတယ်။

ဆီးကျောက်တည်ရောဂါ ဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာ ရေသောက်တဲ့ အလေ့အထ နည်းတာတွေ့ရပါတယ်။ အထူးသဖြင့် နွေရာသီ လိုအခါမျိုး မှာ ချွေးထွက် များတဲ့အတွက် ရေပို သောက်သင့်ပါ တယ်။ ရေသောက် နည်းရင် ဆီးက နည်း လာပြီး ဖြစ်လာပါမယ်။ အဲဒီအခါမှာ ဆီး မှာ ပါဝင်နေ တဲ့ ပစ္စည်းတွေဖြစ်တဲ့ Calcium တို့ Oxalate လို Phosphate စသည့် သတ္တု ဓာတ် တွေဟာ ဆက်လက် ပျော်ဝင်နိုင်ခြင်း မရှိလို့ အနည်းကျလာပါမယ်။ အဲဒီ အနည်ကနေ တစ် ဆင့် တဖြည်းဖြည်း စုစည်းလာမယ်။ မာလာမယ်။ ပြီးတော့ ဆီးကျောက်အဖြစ် ပြောင်းသွားပါ မယ်။

ရိုးရိုးသောက်ရေဟာ များများသောက်ဖို့ အတွက် အကောင်းဆုံးဖြစ် ပါတယ်။ သောက် ရေဆိုတာ သောက်ရေသန့် ဖြစ်စေ၊ ကျိုချက်ထား တဲ့ရေဖြစ်စေကောင်းပါတယ်။

အချို့တောင်ပေါ်ဒေသတွေမှာ ရှိတဲ့ တွင်း ရေတွေမှာ Calcium လို့ခေါ်တဲ့ ထုံးဓာတ်တွေ အလွန် များပြားစွာ ပါတဲ့ အတွက် ဒီလိုရေမျိုးကို အစိမ်း မသောက်သင့်ပါဘူး။ ဒီရေကို ကျိုချက် လိုက်ရင် ပျော်ဝင်နေတဲ့ ထုံးဓာတ်တွေ ဟာ အောက်ကို အနည် ကျလာမှာ ဖြစ်ပါတယ်။ ဒါကို အအေး ခံ၊ ရေစစ်နဲ့ စစ်ပြီး သောက်ရင် ကောင်း ပါတယ်။ ဘယ်ဒေသ က ရေ မဆို အစိမ်းမသောက် ဘဲ ကျိုချက်သောက်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

နောက်တစ်ခုက ဖျော်ရည်တွေပါ။ သဘာဝ သစ်သီး ဖျော်ရည်တွေဖြစ်တဲ့ သံပရာရည်တို့၊ နာနတ်ရည်တို့၊ သင်္ဘောသီးဖျော်ရည်တို့၊ ဖရဲသီး ဖျော်ရည် တို့ဟာ အင်မတန် ကောင်းပါတယ်။ ပြောစရာရှိတာက ဒီဖျော် ရည်တွေသောက် ရင် သကြားမထည့်ဘဲ ဒီ အတိုင်းသောက်ရင် အကောင်း ဆုံးဖြစ်ပါတယ်။ အချိုကြိုက်လို့ ထည့် ချင်ရင်တောင် အတတ်နိုင် ဆုံး အနည်းဆုံးသာ ထည့်သင့် ပါတယ်။ သကြားများများစားရင် သွေး ချို၊ ဆီးချိုရောဂါဖြစ်နိုင်တဲ့အပြင် ဆီးကျောက်တည် ခြင်း ကိုပါ ဖြစ်စေနိုင် လို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သဘာဝနည်းနဲ့ မဟုတ်ဘဲ ပြုလုပ်ထားတဲ့ အချိုရည်တွေ ၊ အဲဒီ အချိုရည် အများစု ဟာ Refined Sugar လို့ခေါ် တဲ့ Glucose တို့ Sucrose တို့နဲ့ ရေဖျော်ထား တာဖြစ်ပြီး အရောင် အနံ့ကိုတော့ Chemical တွေနဲ့ ပြုလုပ်ထားလေ့ ရှိပါတယ်။ ဒီအချိုရည် တွေမှာ NaHCO3 (ဆိုဒီယမ် ဘိုင် ကာဗွန်နိတ်) လို့ခေါ်တဲ့ ဆိုဒါတွေပါမယ်။ ကြာကြာခံအောင် Preservative တွေထည့်ထားမယ်။ အဆိုးဆုံးက Phosphoric Acid တွေ ဖြစ်ပြီး ဒါတွေ အားလုံးဟာ ဆီးကျောက်တည်ခြင်း ကို အားပေးပါတယ်။ အချိုရည်သောက်တိုင်း သောက်တိုင်း ဆီးထဲမှာ ပါတဲ့ Calcium တွေ Oxalate တွေ စွန့်ထုတ်မှုများ လာတဲ့အတွက် ဆီးကျောက် တည်ဖို့ အခွင့် အလမ်းများပါတယ်။ ဒါ့ကြောင့် ဆီးကျောက် မတည်စေ ချင်ရင်တော့ အချိုရည်တွေကို တစ်ခါ တစ်ရံမှသာ သောက်သင့် ပါတယ်။ တတ်နိုင်သမျှ ရှောင်ကြဉ်နိုင်ရင် ဆီးကျောက်တည်ရောဂါ သာမ က ဆီးချိုရောဂါကိုပါ ကာကွယ်ရာရောက်ပါ တယ်။

ကော်ဖီတို့၊ လက်ဖက်ရည်တို့ကိုလည်း များ များမသောက်သင့်ပါဘူး။ တစ်နေ့ သုံးခွက် ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီက ပိုဆိုးပါ တယ်။ ကော်ဖီမှုန့် ဆိုတာ ကော်ဖီအစေ့ကို တိုက်ရိုက် အမှုန့်ကြိတ် ထား တာ ဖြစ်ပါတယ်။ ကော်ဖီစေ့ကို ဓာတ်ခွဲကြည့်ရင် Purine alkaloid တွေများ စွာ ပါဝင်ပါတယ်။ Purine အုပ်စုမှာပါတဲ့ Caffeine ဓာတ်ဟာ အနည်း ငယ်သောက်ရင် ဥပမာ တစ် ခွက်နှစ်ခွက်သောက်ရင် စိတ်ကိုကြည်လင် လန်းဆန်းတက်ကြွစေတော့ ကောင်းပါတယ်။ ဒါပေမဲ့ များများသောက်ခဲ့ရင် Caffeine ဓာတ် ဟာ ဆီး ကျောက်တည်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် ပညာရှင် အများစုက တစ်နေ့သုံးခွက် အထိပဲ သောက်သင့် တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်လည်း အလားတူပါပဲ။

ကွမ်းယာနဲ့ ပတ်သက်လို့ ကွမ်းယာထဲမှာ ပါတဲ့ ထုံးတွေဟာ Inorganic Calcium တွေ ဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ ကွမ်းယာ စားခြင်းဟာ လူကို ဘယ်လိုမှ အကျိုးမပြု နိုင်ပါဘူး။ ပါလာတဲ့ Calcium တွေ ဟာ ဆီး ကျောက်တည်ဖို့အတွက် အလွန်ပဲ အားပေးပါ တယ်။ မြန်မာနိုင်ငံမှာ ဆီးကျောက်တည်သူ အများစုဟာ ကွမ်းယာစားတဲ့ ဓလေ့ရှိကြောင်း တွေ့ ရပါတယ်။

အသားစားခြင်းနဲ့ ပတ်သက်လို့ ပြောရရင် အသားများများစားတဲ့ သူတွေမှာ ဆီးကျောက် တည်ရောဂါပိုဖြစ်လေ့ရှိပါတယ်။ အသားတွေရော၊ ဝမ်းတွင်း ကလီစာတွေဟာ ဆီးကျောက်တည်ခြင်း ကို အားပေးပါတယ်။ တော်ရုံသင့်ရုံ စားရုံနဲ့တော့ ပြဿနာ မရှိပါဘူး။ အလွန် အကျူးစားမှသာ ဖြစ် နိုင် တာဖြစ်ပါတယ်။ ပိုကောင်းတာကတော့ အသားငါးတွေ စားတိုင်း ဟင်းသီး ဟင်း ရွက်တွေနဲ့ တွဲစားရင်ပိုပြီးကောင်းပါတယ်။ အန္တရာယ်ကင်း ပြီး ဆီးကျောက် လည်းမတည်နိုင်တော့ဘူးပေါ့။

ဟင်းသီးဟင်းရွက်ပဲစားတဲ့ Vegetarian တွေဟာ ဆီးကျောက်တည်ရော ဂါဖြစ်ပွားလေ့ မရှိတာကို လေ့လာသိရှိရပါတယ်။ ဘာကြောင့် လဲဆိုတော့ ဟင်းသီးဟင်းရွက်ထဲမှာ ဆီးကျောက် မတည်အောင် ဟန့်တားပေးနိုင်တဲ့ သဘာဝ ဓာတ် ပစ္စည်းတွေ များစွာ ပါဝင်နေလို့ ဖြစ်ပါတယ်။ ဟင်းရွက်တွေ စိမ်းနေတာ Chlorophyll (ကလိုရို ဖီးလ်)ကြောင့် ဆိုတာ လူတိုင်း သိပြီး ဖြစ်ပါတယ်။ Chlorophyll ရဲ့ Molecular Structure ကို ကြည့်ရင် အလယ်မှာ Magnesium ပါဝင်ပါတယ်။ ဟင်းရွက်စိမ်းတွေ စားရင် Magnesium တွေ ရပါတယ်။ ဒီ Magnesium တွေဟာ Calcium တွေကို အူကနေ စုပ်ယူမှု ကိုရော ကျောက်ကပ် ကနေ စွန့်ထုတ် မှုကိုပါ ထိန်းချုပ်ပေးပါတယ်။ ဆိုလိုတာကတော့ Mg ++ တွေလုံလောက်အောင် ရှိရင် Ca ++ ဆီးထဲမှာ အနည်မကျနိုင်ပါဘူး။ အဲဒါကြောင့် ဟင်းသီး ဟင်းရွက်စိမ်းတွေဟာ ဆီး ကျောက်တည်ခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဒါ့အပြင် ပါဝင်တဲ့ Fibre တွေဟာ အူကနေ မလိုအပ်တဲ့ ပစ္စည်းတွေ စုပ်ယူမှု မရှိအောင် ဟန့် တားပေးတဲ့ အတွက် ဆီးကျောက် မတည်အောင် ကာကွယ်ပေးပြန် ပါတယ်။ ဒါကြောင့် Fibre လို့ ခေါ်တဲ့ အမျှင်ပါတဲ့ အစား အစာတွေ များ များစားခြင်းဟာ ဆီးကျောက်တည်ရောဂါကို ကာကွယ်နိုင်ရုံ မျှမက ဆီးချိုရောဂါ၊ အူကင်ဆာ ရောဂါကာကွယ်ရေး အထိပါ ထိရောက်မှုရှိပါ တယ်။

ဒါတင်မကပါဘူး။ ဟင်းသီးဟင်းရွက်မှာ ပါတဲ့ Vitamin (ဗီတာမင်) အချို့ဟာ လည်း ဆီးကျောက်မတည်အောင် ကာကွယ်ပေး ပါသေး တယ်။

ဥပမာ - Vitamin K ဆိုရင် ဆီးထဲမှာ Colloid လို့ခေါ်တဲ့ Glycoprotein တွေ တည် ဆောက်ရာမှာ အဓိက လိုအပ်ပါတယ်။ ဒီ Colloid တွေဟာ ဆီးအနည်မကျအောင် သတ္တုဓာတ်တွေကို အရည်ဘဝမှာ ရှိအောင် ဖျော်ပေးနိုင် တာကြောင့် ဖြစ်ပြီးသား ဆီးကျောက်တွေတောင် ပြန်ပျော် အောင် လုပ်နိုင်စွမ်းရှိပါတယ်။

အခြား ဗီတာမင်တွေအနေနဲ့ Vitamin B6၊ Vitamin A နဲ့ Vitamin C တို့ဟာလည်း ဆီး ကျောက်တည်ခြင်းကို ဟန့်တားပေး ပါသေးတယ်။ Vitamin B6 ကိုတော့ ဂျုံ၊ ပြောင်း၊ အသည်းနဲ့ Yeast ပါဝင်တဲ့ အစားအစာတွေကနေ ရနိုင်ပါ တယ်။

Vitamin B6 (ဗီတာမင်ဘီစစ်) ဟာ Magnesium (Mg++) ရဲ့ လုပ်ငန်းဆောင် တာ တွေကို ကောင်းအောင် လုပ်ပေးပါတယ်။ ပြီး တော့ Vitamin B6 ဟာ ဆီးထဲမှာ Calcium oxalate စွန့်ထုတ်မှု ကို လျော့ နည်းစေတဲ့ အတွက် ဆီးကျောက် မတည်အောင် ကာကွယ်ပေးပါ တယ်။

Vitamin A (ဗီတာမင်အေ) အနေနဲ့ ကတော့ သဘာဝမှာ B-Carotene (ဘီတာကရိုတင်း) အနေနဲ့ ရနိုင်ပါတယ်။ အဝါရောင် ရှိတဲ့ အသီး အနှံ တွေ ဖြစ် တဲ့ သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥဝါ တွေကနေ ပေါ များစွာ ရနိုင်ပါတယ်။ B-Carotene ကိုစားရင် ခန္ဓာကိုယ်ထဲမှာ Vitamin A အဖြစ် ပြောင်းလဲပါတယ်။ Vitamin A ချို့တဲ့ရင် ဆီးလမ်း ကြောင်းမှာရှိတဲ့ ဆဲလ် Cell လေးတွေဟာ ပျက် စီးပြီး ကွာကွာ ကျတတ်ပါတယ်။ ဒီဆဲလ်လေး တွေပေါ်မှာ ကျောက်တည်လေ့ ရှိတာမို့ Vitamin A မချို့တဲ့ ရလေအောင် B-Carotene ပါတဲ့ အဝါ ရောင် အသီးအနှံတွေကို မကြာခဏ စားပေးသင့် ပါတယ်။

Vitamin C (ဗီတာမင် စီ)လို့ ခေါ်တဲ့ အချဉ် ဓာတ်ဟာလည်း ပုံမှန် စားသောက် ရင် ဆီးထဲမှာ ရှိတဲ့ Ca++ (ကယ်လ်ဆီယမ်) တွေ PO4++ (ဖော့စဖိတ်)တွေကို ပျော်ဝင်စေနိုင်လို့ ဆီး ကျောက်မတည်အောင် ကာကွယ်ပေး ပါတယ်။ ယခု နောက်ပိုင်းမှာ ဆီးကျောက်တည်ရင် Vitamin C (ဗီတာမင်စီ) လိုအပ်ကြောင်း သိလာ ပါတယ်။ တစ်နေ့ကို 6g အထိ စိတ်ချလက်ချ စားနိုင် ပါတယ်။ အချို့ဆေးရုံတွေမှာဆိုရင် ဆီး ကျောက်တည်ရောဂါသည်တွေကို Vitamin C (ဗီတာမင်စီ) ဆေးပြားတွေ အပြင် Magnesium Citrate (မဂ္ဂနီဆီယမ်စီးထရိတ်) Potassium Citrate (ပိုတက်ဆီယမ်စီးထရိတ်) တို့ကိုပဲ တိုက်ကျွေးလေ့ရှိပါတယ်။

အိမ်သုံးဆား NaCl ဆိုဒီယမ်ကလိုရိုက် ပါ ဝင်တဲ့ (အငန်ဓာတ်) ဟာ လူတစ်ဦး အတွက် နေ့စဉ် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သင့်တင့်ရုံ နေ့စဉ်စားရင် အန္တရာယ်မရှိပါ။ ဒါပေမဲ့ နေ့စဉ်ရက်ဆက် များများ စားခဲ့ရင်တော့ သွေးတိုးရောဂါ အပြင် ဆီးကျောက်တည်ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ် 2.3 g (100 mmol) စားတိုင်းဆီးထဲမှာ Calcium ထုံးဓာတ် 40 mg (1mmol) ပိုမို စွန့်ထုတ်လေ့ ရှိတာမို့ အငန် ဓာတ်ဟာလည်း ဆီးကျောက်တည်ခြင်းကို အား ပေးတဲ့ ဓာတ်တစ်မျိုး လို့ပြောနိုင် ပါတယ်။ ဆီး ကျောက်တည်ရောဂါ ဖြစ်နေတဲ့သူဆိုရင်တော့ ဆရာဝန်တွေက သွေးတိုးရောဂါသည်တွေကို ကုသသလိုပဲ အငန်လျှော့စားခိုင်းပါတယ်။

ဒေါက်တာအောင်ဆန်းဝင်း
ရတီ ကျန်းမာရေးကဏ္ဍ (Yati Magazine)

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

Tuesday, July 16, 2013

ကလေးငယ်ကို ကပ်ကြေးဖြင့် အချက် ၉၀ ကျော်ထိုးမှု တရုတ်တွင်ဖြစ်ပွား - THIT HTOO LWIN

ကလေးငယ်ကို ကပ်ကြေးဖြင့် အချက် ၉၀ ကျော်ထိုးမှု တရုတ်တွင်ဖြစ်ပွား - THIT HTOO LWIN

ကလေးငယ်ကို ကပ်ကြေးဖြင့် အချက် ၉၀ ကျော်ထိုးမှု တရုတ်တွင်ဖြစ်ပွား

YTalk

ကျန်စု၊ ဇူလိုင် ၁၁

၈ လသား ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကပ်ကြေးဖြင့် အချက် ၉၀ ခန့်ထိုးခဲ့သည့် ဖြစ်ရပ် တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုခရိုရှိ ကလေးမိခင်တစ်ဦးက နို့တိုက်စဉ် ကလေးက သူ့နို့အားကိုက်ခြင်းကြောင့် သားအရင်းဖြစ်သူ ၈လသားကလေးငယ်အား ကပ်ကြေးဖြင့် အချက် ၉၀ ခန့်ထိုးခဲ့ရာ၊ ယင်းသို့ထိုးခဲ့သည့်တို့အနက် မျက်နှာပြင်တွင် အများဆုံးဖြစ်ပြီး ကလေးငယ် ရှောက်ပေါင်မှာ အချက်ပေါင်း ၁၀၀ ထက်မနည်း ချုပ်ခဲ့ရကြောင်းသိရသည်။

ကလေးငယ်၏ မိသားစုမှာ အမှိုက်များကောက်ယူ၍ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေးရခြင်းဖြစ်ပြီး၊ အမှိုက်ကောက်ရာမှ အိမ်ပြန်ရောက်လာသည့် ဦးလေးဖြစ်သူက သွေးအိုင်ထဲတွင် လဲနေသော ကလေးငယ်အားတွေ့ရခြင်းဖြစ်သည်။

အိမ်နီးနားချင်းများကမူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ စိတ်နှံ့လှသူတစ်ဦးမဟုတ်ကြောင်း ဆိုကြသည်။

ref: dailymail

Monday, July 15, 2013

လွတ်လပ်ရေးဖခင်သဖွယ်ထင်ယောင်ထင်မှားဖြစ်ခဲ့သည့် *********************************** ဗိုလ်ချုပ်အောင်ဆန်း ************ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော 1945 ခုနှစ်နောက်ပိုင်းမှာ Atlantic Charter အမိန့်ပြန်တမ်းအရ အင်္ဂလိပ် အစိုးရသည် သူ့၏ ကိုလိုနီနိုင်ငံများအားလုံးကို လုံးဝလွတ်လပ်ရေး ပေးဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ကိုလိုနီနိုင်ငံများသည် လွတ်လပ်ရေးကို အချိန်တန်ရင် မတောင်းလည်း ရပြီးသားအခြေအနေဖြစ်ခဲ့သည်။ ထိုကိစ္စကိုကြိုတင်သိထားသော ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်သို့ အမြန်ဆုံးသွားရောက်ကာ ၀န်ကြီးချုပ်အက်တလီနှင့် အမြန်ဆုံးတွေ့ဆုံကာ လွတ်လပ်ရေးကို တောင်းဆိုခဲ့သည်။ ဒီတော့ ၀န်ကြီးချုပ်အက်တလီက ပြောလိုက်သည်မှာ- (လွတ်လပ်ရေးကို မတောင်းလည်းပေးဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် တောင်တန်းဒေသ တိုင်းရင်းသားများကိုတော့ သူ့တို့ရဲ့ ဆန္ဒအတိုင်းပဲဖြစ်စေရမယ်။ ခင်ဗျားတိှု့ဗမာတွေနဲ့ အတူတူယူမယ်ဆိုလည်းရတယ်။ သူတို့ပဲသီးခြားယူမယ်ဆိုလည်းရတယ်။ ခင်ဗျားတို့ဗမာတွေ တိုင်းရင်းသားတွေနဲ့ အတူတူ လွတ်လပ်ရေးယူမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုမေးရမယ်။ သူ့တို့ ခင်ဗျားတို့နဲ့ အတူတူယူမယ်ဆိုရင်တော့ လွတ်လပ်ရေးအတူတူယူမယ်ဆိုတဲ့ သဘောတူညီချက်ကို စာချုပ်ချုပ်ပြီးပြန်လာပြပါ။) လို့ပြောလွှတ်လိုက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမြန်ဆုံးပြည်တော်ပြန်ပြီး တိုင်းရင်းသားတွေကို ဗမာနဲ့အတူတူလွတ်လပ်ရေးယူဖို့ အမျိုးမျိုးဖြားယောင်းစည်းရုံးခဲ့လေသည်။ 1946 ခုနှစ်နိုဝင်ဘာလ (28) ရက်နေ့မှာ မြစ်ကြီးနားမြို့သို့ ရောက်လာပြီး နိုဝင်ဘာလ (29) ရက်နေ့မှာ ကချင်ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်-(ခင်ဗျားတို့ကချင်လူမျိုးတွေ တိုးတက်ချင်ရင် ကျွန်တော်တို့ဗမာတွေနဲ့ အတူလွတ်လပ်ရေးယူရအောင်၊ မတိုးတက်ချင်ရင်တော့ အင်္ဂလိပ်ပြောစကားကိုနားထောင်ကြပါ။ လွတ်လပ်ရေးရပြီးနောက် ခင်ဗျားတို့ ကချင်ပြည်ကို ခင်ဗျားတို့ကချင်တွေသာ အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဗမာတွေ လာအုပ်ချုပ်မှာမဟုတ်ဘူး။ ခင်ဗျားတို့ဒေသကို ခင်ဗျားတို့စိတ်တိုင်းကျ ကြိုက်သလိုစီမံအုပ်ချုပ်ကြပါ။ ဒါပေမယ့် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ဘဏ္ဍရေးစသည့် ကိစ္စတွေကိုတော့ ကချင်ဝန်ကြီးများပါဝင်တဲ့ ဗဟိုအစိုးရအဖွဲ့က တိုင်ပင်ဆောင်ရွက်ကြပါလိမ့်မယ်။ ဘာသာရေးနှင့် ပါတ်သက်လို့လည်း ခင်ဗျားတို့ကြိုက်နှစ်သက်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ပါတယ်။ စစ်တပ်နဲ့ပါတ်သက်ရင်လည်း ခင်ဗျားတို့ရဲ့ ကချင်တပ်ကို သီးခြားတပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းပေးမယ်၊ တန်းတူညီမျှရေးမှာလည်း ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ် အခွင့်အရေးရမယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဗမာတွေကို မကောင်းဘူးလို့ထင်ရင် လက်တွေ့ပေါင်းကြည့်ပါ။ အခုခေတ်ဗမာတွေဟာ အရင်ခေတ်ဗမာတွေနဲ့ မတူတော့ဘူးဆိုတာ ခင်ဗျားတို့ယုံပါလို့ပြောချင်ပါတယ်) စသည်ဖြင့် ကချင်တွေကို စည်းရုံးသိမ်းသွင်းခဲ့သည်။ ကချင်တွေကလည်း လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မစဉ်းစားဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပြောမှာ ရေစုန်မျောခဲ့ ကြရပြီ။ တစ်ကယ်ဆိုရင် အချို့သောကချင်အမျိုးသားများဟာ ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးရယူမှုကို သဘောမတူခဲ့ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရ၏ တောင်တန်းဒေသ အုပ်ချုပ်ရေးမှူး H.N.C Stevenson သည် 1946 ခုနှစ် ဒီဇင်ဘာလ (2-3) ရက်နေ့များတွင် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး -(ခင်ဗျားတို့ကချင်တွေကို သီးခြားကချင်ပြည်သတ်မှတ်ပေးပြီး သီးခြားလွတ်လပ်ရေးပေးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ဗမာခေါင်းဆောင်တွေက ခင်ဗျားတို့ကချင်တွေဟာ ဗမာတွေနဲ့အတူတူပဲ လွတ်လပ်ရေးယူချင်ကြတယ်။ ဗမာတွေနဲ့ ခွဲမနေချင်ကြဘူးဆိုပြီး ကန့်ကွက်ပြောဆိုနေကြတော့ ကျွန်တော်တို့ အင်္ဂလိပ်အစိုးရလည်း ဆုံးဖြတ်ရခက်နေပါတယ်။ ဒီတော့ ဒီနေ့ ကျွန်တော်နဲ့ အတူရောက်လာတဲ့ ဗြိတိသျှပါလီမန် အထူးကိုယ်စားလှယ်များရဲ့ ရှေ့မှောက်မှာ သီးခြားကချင်ပြည်ကို လိုချင်ပါတယ်။ သီးခြားလွတ်လပ်ရေးကို ရယူချင်ပါတယ်လို့ တစ်သံထဲပြော ကြပါ။ ခင်ဗျားတို့ကချင်တွေ လိုအပ်နေတဲ့ ပညာရပ်တွေအမျိုးမျိုးကိုလည်း သင်ကြားပေးသွားမှာဖြစ်တယ်။ အုပ်ချုပ်ရေးပညာတွေ ဆေးပညာတွေလည်းပါတယ်။ ခင်ဗျားတို့ ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးယူသွားရင် ခင်ဗျားတို့ကချင်တွေထက် ပိုမိုတတ်ကျွမ်းတဲ့ လူဦးရေလည်းပိုများတဲ့ ဗမာတွေက ခင်ဗျားတို့ကို တဖြည်းဖြည်းချင်းဝါး မျိုသွားလိမ့်မယ်။ ဗမာနဲ့အတူတူလွတ်လပ်ရေး မယူချင်ကြပါနဲ့လို့ တိုက်တွန်းပြောချင်ပါတယ်) စသည်ဖြင့် အကြံပြုပြောကြားခဲ့တဲ့စကားတွေကို ကချင်လူမျိုးတွေ ဒီနေ့ဒီအချိန်မှာ နားလည်သဘောပေါက်ကြပေမဲ့ နောက်ကျခဲ့ ပြီလေ။ နောက်ကြောင်းပြန်လှည့်သွားလို့မှ မရတော့တာ။ အဲဒီလို အင်္ဂလိပ် တောင်တန်းဒေသအုပ်ချုပ်ရေးမှူး စတီဗင်ဆင် ပြောတဲ့စကားကို အဓိကဆန့်ကျင်ကန့်ကွက်ပြောဆိုသူသည် ဆမားဒူဝါဆင်ဝါးနော် ဖြစ်ခဲ့သည်လို့ ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဖခင် ဆမားဒူဝါဂွမ်ဆိုင်းလီဟာ အင်္ဂလိပ်တွေကို ဆန့်ကျင်တော်လှန်တိုက်ခိုက်တဲ့ တိုက်ပွဲမှာကျဆုံးသွားခဲ့လို့ အင်္ဂလိပ်တွေ ဘယ်လောက်မှန်တဲ့ စေတနာစကားပဲပြောပြော သူ့နားမှာမ၀င်တော့ပေ။ သူ့ဘက်က စဉ်းစားကြည့်ပေးမယ်ဆိုရင်တော့ သဘာဝကျပါတယ်လေ။ အဲဒီအချိန်တုန်းက ဗမာတွေရော ကချင်တွေပါ အင်္ဂလိပ်အစိုးရရဲ့ ကျွန်သဖွယ်ဖြစ်နေကြတော့ ကျွန်အချင်းချင်းစည်းရုံးတဲ့စကားကိုမှ အဟုတ်ထင်ခဲ့ကြတာ သဘာဝကျပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်အစိုးရမှာ အစီအစဉ်ရှိမရှိဆိုတာကို ကချင်ခေါင်းဆောင်တွေမှ ကြိုမသိခဲ့ကြတာ။ သိသူဖော်စား၊ မသိသူကျော်သွားဆိုသလိုပေါ့။ အဲဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းနဲ့ ချင်းတွေကိုလည်း ကချင်တွေကိုစည်းရုံးသလို စည်းရုံးခဲ့တယ်။ ရှမ်းကိုကျတော့ သူ့ရဲ့တပည့်ကျော် ဦးထွန်းလှဆိုသူကိုစေလွှတ်ပြီး စည်းရုံးခိုင်းခဲ့တယ်။ ဒါပေမယ့် ရှမ်းတွေက ဗမာနဲ့အတူတူ လွတ်လပ်ရေးယူဖို့ကို သဘောမတူခဲ့ကြပါ။ သို့သော် 5.2.1947 ရက်နေ့မှာ ကချင်ခေါင်းဆောင်များသည် ပင်လုံမြို့သို့သွားရောက်ပြီး ဗမာနဲ့အတူတူ လွတ်လပ်ရေးယူရန်၊ လွတ်လပ်ရေးရပြီးနောက် ကချင်နှင့် ရှမ်းသီးခြားပြည်နယ်များပါဝင်သည့် ပြည်ထောင်စုကို ဖွဲ့စည်းသွားဖို့ရန်နှင့် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်သွားကြရန် စည်းရုံးပြောဆိုခဲ့လို့ 6.2.1947 ရက်နေ့မှာ ရှမ်းခေါင်းဆောင်များသည်လည်း ဗမာနဲ့အတူတူ လွတ်လပ်ရေးရယူဖို့ကို သဘောတူခဲ့ကြသည်။ 6.2.1947 ရက်နေ့ညနေပိုင်းတွင် ချင်းခေါင်းဆောင်များလည်း ရောက်ရှိလာပြီး ကချင်နဲ့ ရှမ်း သဘောတူသလို ဗမာတွေနဲ့ လွတ်လပ်ရေးအတူတူရယူဖို့ကို သဘောတူခဲ့ကြသည်။ 8.2.1947 ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ရောက်ရှိလာပြီး 9-10-11 သုံးရက်တိုင်တိုင် အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြပြီး 12.2.1947 ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံလို့ခေါ်ဆိုမည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ပေါ်လာရန်အတွက် သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်ကြောင့် အင်္ဂလိပ်အစိုးရသည် တိုင်းရင်းသားများကိုလည်း ဗမာများနှင့်အတူ လွတ်လပ်ရေးကို ပေးခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေးရခဲ့တာမဟုတ်ဘဲ ဗမာများကို လွတ်လပ်ရေးပေးသလို တိုင်းရင်းသားများကိုလည်း သီးခြားလွတ်လပ်ရေးတွေပေးဖို့ အစီအစဉ်ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူက သူ့ကိုပဲနိုင်ငံရဲ့ ကယ်တင်ရှင်ကြီးသဖွယ် သတ်မှတ်ကြပါစေဆိုတဲ့ သဘောမျိုးနဲ့ လူလည်လုပ်ပြီး မင်းသားလုပ်သွားခဲ့လို့ ဒီနေ့ တိုင်းရင်းသားများခမျာ အဖိနှိပ်ခံဘ၀ဆီသို့ ရောက်နေခဲ့ရတာဖြစ်ကြောင်း၊ ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဆိုသူသည် အမှန်တစ်ကယ် လွတ်လပ်ရေးခေါင်းဆောင် ဖခင်ကြီးဖြစ်သည်ဟု အသိအမှတ်ပြုခေါ်ဆိုဖို့ရန် စဉ်းစားစရာဖြစ်နေကြောင်းနှင့် ယခုတင်ပြချက်များသည် ဘယ်သူ့ကိုမှရည်ရွယ်ခြင်းမဟုတ်ဘဲ သမိုင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်လိုက်ခြင်းသာလျှင် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။ ပြည်သူ့တမန် source.jinghpaw kasa Write a comment...

ခင်ပွန်းဖြစ်သူကို အနုပညာ အလုပ်တွေ ပြန်လုပ် စေချင်တဲ့ မေသူ - THIT HTOO LWIN

ခင်ပွန်းဖြစ်သူကို အနုပညာ အလုပ်တွေ ပြန်လုပ် စေချင်တဲ့ မေသူ - THIT HTOO LWIN

ခင်ပွန်းဖြစ်သူကို အနုပညာ အလုပ်တွေ ပြန်လုပ် စေချင်တဲ့ မေသူ

YTalk

သရုပ်ဆောင်လွင်မိုးနဲ့ ဇနီးဖြစ်သူ မေသူတို့က သာယာ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို တည်ဆောက် ခဲ့တာ အခုဆိုရင် အိမ် ထောင်သက် ၁၆နှစ်ကျော် ခဲ့ပြီဖြစ်ပါတယ်။ အခုလို အောင်မြင်တဲ့ အိမ်ထောင် တစ်ခုရဲ့လျှို့ ဝှက်ချက်ကို မေးတော့ ” ကိုယ်ချင်းစာ တရားနဲ့ နားလည်မှုပါပဲ။ ကိုယ်ဆိုရင် ဒီလိုကိုယ့် ကိုဆက်ဆံတာ မကြိုက်ဘူး ဆိုရင် ကိုယ်လည်း သူ့ကို မဆက်ဆံ ဘူးပေါ့။ လူ့ ဘဝမှာ အခက်အခဲ ကတော့ အနည်းနဲ့ အများအသေးနဲ့ အကြီးပဲ ကွာပါတယ်။

အခက် အခဲကိုတော့ ကြုံရတာပေါ့။ အိမ်ထောင်တစ်ခုကအဖေ တစ်ဝက်၊အမေတစ်ဝက် လိုတာအကုန်လုံးကိုနှစ် ယောက်စလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ယောက် စလုံးရဲ့အခက် အခဲ၊ နှစ်ယောက်စလုံး ဖြေရှင်းရမယ့် ကိစ္စ၊နှစ်ယောက် စလုံးလုပ် ရမယ့်အလုပ်လို့ သဘောထား ပြီးတော့ ဘာမဆို အတူလက် တွဲပြီးဖြေရှင်းဆောင် ရွက်ကြပါတယ်” လို့ ပြောပါတယ်။

သမီးတွေဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ကိုလည်းရင်အုပ်မကွာ အမြဲတမ်းစောင့်ရှောက်ကြည့်ရှုဖြစ်ကြောင်းကိုလည်း” မိန်းကလေးတွေဖြစ်တဲ့ အတွ က် ယောက်ျားလေးလောက် လွတ်လွတ်လပ်လပ်တော့ ထားလို့ မရဘူးပေါ့။ ကိုယ်ကရင်အုပ်မကွာသွားတာရော၊ လာတာရော၊နေတာ ထိုင်တာ၊ စားတာသောက်တာ ၊ပြောတာဆိုတာအကစ ငယ်လည်း ငယ်သေးတဲ့အရွယ်ဆိုတော့ အဖေတစ်လှည့်၊ အမေတစ်လှည့် မျက်ခြေမပြတ်ကို လိုက်လံထိန်းသိမ်းစောင့် ရှောက်ရပါတယ်” လို့ပြောပါတယ်။

ခင်ပွန်းဖြစ်သူက စီးပွားရေးဘက်ကိုပဲအချိန် ပြည့်ပေးထားတာဖြစ်ပြီး အချိန်ရရင်တော့ အနုပညာအလုပ်တွေ ကို ပြန်လုပ်စေချင်ကြောင်း ကို မေသူက ” သူရိုက် ဖို့စီစဉ် ထားတဲ့ဇာတ်ကား တွေရှိတယ်။ သူစိတ်ကူးယဉ်ပြီးဝယ်သိမ်းထားတဲ့ ဝတ္ထုတွေ ရှိတယ်။ အဲဒါတွေ
ကိုတော့ သူအချိန်ရရင်ပရိုဂျူဆာအနေနဲ့တော့ ထုတ်စေချင်တာပေါ့။

ဒါပေမဲ့သူက လုံးဝကို လှည့်မကြည့်နိုင်သေးဘူး ဖြစ်နေတယ်။ အရင်တုန်းက ဆင်ဆာတွေမရတာနဲ့ ဒီဇာတ်ကိုပြင်ရမှာနဲ့အကြောင်း အမျိုးမျိုးေ တွကြောင့် နှမြောလို့ သိမ်းထားတာတွေ ရှိပါတယ်” လို့ပြောပါတယ်။

သမီးဖြစ်သူတွေရဲ့အနာဂတ်ကိုမိဘတစ်ဦးအနေနဲ့ မျှော်မှန်းချက်ကတော့ ” အခုကတော့ ခေးခေးက အနု ပညာအလုပ်ဆိုရင် Photo မော်ဒယ် အနေနဲ့ပဲ လုပ်မယ်။ တီဗီကြော်ငြာ တွေရိုက်မယ်။ ဒါပဲ။ သူရိုက်ချင်တဲ့ မဂ္ဂဇင်း ဓာတ်ပုံတွေ ရိုက်မယ်။ အဲဒီလောက်ပဲ။

ကျောင်းလည်း ရှိတယ်ဆိုတော့စနေ၊ တနင်္ဂနွေကိုတောင် ဖြစ်နိုင် ရင် စနေတစ်ရက်ရိုက်၊ တနင်္ဂနွေနားပြီးရင် ကျောင်း ပြန်တက်၊ အဲဒီလိုလုပ်နေရ တယ်။ဇာတ်ကားတွေ၊ ဗီဒီ ယိုတွေရိုက်ဖို့ဆိုတာတော့ ကလေးကတအား ငယ်သေး တော့ပညာရေးဘက်ကို လစ်ဟင်းသွားမှာစိုးလို့ လက်မခံသေး ဘူး။ ကျောင်းတော့ ပြီးအောင်တက်ရမယ်လို့ ကျွန်မရော၊ကိုလွင်မိုးရော သူ့ကိုပြောထားတယ်။ ကျောင်းပြီးမှ၊ ဘွဲ့ရမှ သူဝါသနာပါရင် သူဆက် လုပ်ချင် တယ်ဆို ရင်တော့ပံ့ပိုးပေးရမှာပေါ့။ သူက အောက်တိုဘာလဆိုရင် ၁၅ နှစ်ပြည့်တော့မယ်။

အငယ်လေးကတော့ အခု ၁၁ နှစ်ပြည့်မှာဆိုတော့ အိမ် မှာဆော့တုန်း၊ ကစားတုန်းပဲ။ သူ့အစ်မဓာတ်ပုံရိုက်တာ မြင်ရင်တော့သူရိုက်ချင်တယ်။ ဒါပေမဲ့ သူနားမလည်သေးပါဘူး။ ကလေးဆိုတော့ သူဘာဖြစ်ချင်မှန်း မသိသေးပါဘူး။ မိခင်တစ်ယောက် အနေနဲ့တော့ အကောင်းချည်း ပဲမျှော်မှန်းထားတာပေါ့။ ဘက်စုံပညာထူးချွန်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် နိုင်တဲ့လူ၊လိမ္မာယဉ်ကျေးတဲ့ လူ၊ ထူးချွန်ထက်မြက်တဲ့လူ၊ မိဘတွေကတော့ အကောင်းချည်းပဲဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

YouTube Creator Blog: Check out the Summer Labs at YouTube Space LA!

YouTube Creator Blog: Check out the Summer Labs at YouTube Space LA!: Each month, the YouTube Space LA holds a Creator Lab, where we invite creators in the same area to come and spend time in the Space. The...

ဆေးမင်ကြောင် ဝါသနာရှင် ကျားသစ်လူသား - THIT HTOO LWIN

ဆေးမင်ကြောင် ဝါသနာရှင် ကျားသစ်လူသား - THIT HTOO LWIN

ဆးမင်ကြောင် ဝါသနာရှင် ကျားသစ်လူသား

YTalk

အမေရိကန် နိုင်ငံသား တစ်ဦးသည် ၎င်း၏ ကိုယ်ပေါ်တွင် ထိုးထားသော ဆေးမင်ကြောင်များကြောင့် ကျားသစ်လူသားအဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံနေရသည်။ Larry Da Leopardဟု ချစ်စနိုး အမည်ပေး ခေါ်ဝေါ်ခြင်း ခံရသည့် တက္ကဆက်စ်နယ်သား လယ်ရီသည် ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ကျားသစ်ပြောက်ကျားကွက် (၁၀၀၀)ကျော်ကို ရေးထိုးထားသည်။

ယင်းသည် (၈)နှစ်မျှ အချိန်အတွင်း အဆိုပါ ဆေးမင်ကြောင်များကို တဖြည်းဖြည်းချင်း ရေးထိုးလာစေခြင်း ဖြစ်သည်။ ကျောကုန်း၊ လက်မောင်း၊ ခြေထောက်များနှင့် နားရွက်ပါမကျန် ဆေးမင်ကြောင်များ ပြည့်နှက်နေသလို ၎င်း၏ မမြင်ကွယ်ရာ အပိုင်းများတွင်ပါ ရေးထိုးထားကြောင်း လယ်ရီက ဆိုသည်။ မိမိသည် Manimalခေါ် လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်း ဘဝကို စိတ်ကူးယဉ် သဘောကျသူဖြစ်ပြီး နောက်ထပ်လည်း ခန္ဓာကိုယ်ပေါ်တွင် နေရာလွတ် မကျန်သည်အထိ ဆေးမင်များ ရေးထိုးသွားမည်ဟု လယ်ရီက ပြောကြားထားသည်။

ကိုယ်တိုင်က ဆေးမင်ကြောင် ရေးထိုးသူ ပညာရှင် တစ်ဦးဖြစ်သော လယ်ရီသည် အမှတ်တရ အတူတွဲ ဓာတ်ပုံရိုက်လိုသူများ၏ သဘောတကျ ကမ်းလှမ်းမှုကို မကြာခဏ ဖြည့်ဆည်းပေးရလေ့ ရှိသည်။ ၎င်းက မိမိကိုယ်ပေါ်မှ ဆေးမင်ကြောင်များသည် မိမိ၏ အသက်မွေး လုပ်ငန်းအတွက် ကြော်ငြာပြီးသား ဖြစ်စေကြောင်းလည်း ပြောဆိုခဲ့သည်။

အမေရိကန် ရုပ်မြင်သံကြား အစီအစဉ် Tabooတွင် လယ်ရီက မိမိ၏ ဆေးမင်ကြောင် စထိုးမှုကို ပထမဆုံးအကြိမ် တွေ့ရှိစဉ်က မိဘများသည် စိတ်ပျက်လက်ပျက် ငိုကြွေးခဲ့ကြောင်း ပြောဆိုခဲ့သလို တစ်ခါတစ်ရံ မိမိကိုယ်ကိုယ် ကြည့်ရသည်မှာ ကာတွန်းဇာတ်ကောင် တစ်ခုနှင့် တူသလို ခံစားမိကြောင်း ဝန်ခံ ပြောကြားသွားသည်။

Planet Myanmar Network

လူ့ စွမ်းအားသုံး ကမ္ဘာ့ ပထမဆုံး ရဟတ်ယာဉ် - THIT HTOO LWIN

လူ့ စွမ်းအားသုံး ကမ္ဘာ့ ပထမဆုံး ရဟတ်ယာဉ် - THIT HTOO LWIN

လူ့ စွမ်းအားသုံး ကမ္ဘာ့ ပထမဆုံး ရဟတ်ယာဉ်

YTalk

ကနေဒါနိုင်ငံ တိုရွန်တိုး တက္ကသလိုလ်က စက်မှုနည်းပညာ ကျောင်း အဖွဲ့ တခုကနေ အခုလို ဒီဇိုင်းဆွဲ တီထွင် ဖန်တီးထားတဲ့ ကမ္ဘာ့ ပထမဦးဆုံး လူ့စွမ်းအားသုံး ရဟတ်ယာဉ် ကို အမြင့် ၃.၃ မီတာ တက်ပြီး အချိန်အားဖြင့် ၆၄ စက္ကန့်ကြာ ပျံသန်းပြခဲ့ကြတာပါ။

ပရိသတ်ပေးတဲ့ ဆုတွေနဲ့ ဝိုင်းစုခိုင်သိန်း - THIT HTOO LWIN

ပရိသတ်ပေးတဲ့ ဆုတွေနဲ့ ဝိုင်းစုခိုင်သိန်း - THIT HTOO LWIN

ပရိသတ်ပေးတဲ့ ဆုတွေနဲ့ ဝိုင်းစုခိုင်သိန်း

YTalk

ဝိုင်းစုခိုင်သိန်းက City FM က ပေးတဲ့ ‘မက်လောက် စရာ’တေးစီးရီး၊ ‘မျက်လှည့်’တေးစီးရီးများဖြင့် ရောင်းအား အကောင်းဆုံး တေးစီးရီးဆု၊ ပရိသတ်အတောင်းဆိုဆုံး အမျိုး သမီး တေးသံရှင်ဆု၊ ပတ္တမြား FM က ပေးတဲ့ Artist of the Year ဆုနဲ့ ရွှေFMကပေးတဲ့ R ဇာနည်နဲ့တွဲဖက် သီဆိုထားတဲ့ ‘လိုက်ဖက်တဲ့ ဘဝ’တေး သီချင်းဖြင့် လည်း ပရိ သတ် အတောင်း ဆို ဆုံးဆု များကို ရရှိပိုင် ဆိုင်ခဲ့ပါတယ်။

ပရိသတ်တွေပေးတဲ့ဆုတွေကို ရရှိခဲ့တဲ့အပေါ် ဝိုင်းစုခိုင်သိန်း က “ဒါကတော့ ပရိသတ်တွေပေးလို့ရတဲ့ဆုတွေပါ။ ပရိသတ်တွေ မရွေးဘူးဆိုရင် ဘယ်လိုမှ မရနိုင်ဘူးလေ။ အဲဒီအတွက် ပရိသတ်တွေကို တအားကျေးဇူး တင်ပါတယ်။ ကိုယ်ထွက်လာ ပြီးသား သီချင်းကို သူတို့ ပြန်ပြီး ရွေးချယ် တဲ့ အပေါ် မှာ မူတည် ပြီး ရတာ ပါ။ ဘယ် ဟာပဲ ဖြစ် ဖြစ် ပရိသတ်အားပေးမှပဲရမှာပါ။ ပရိသတ်အားမပေးရင် ဒီဆုတွေ ဘယ်လိုမှ မရနိုင်ပါဘူး။ ရောင်း အားအကောင်းဆုံးဆုကလည်း ပရိသတ်တွေဒီအခွေကို ဝယ်လို့ ရတာပါ။ အားလုံးက ပရိ သတ်တွေကြောင့်ရတာပါပဲ” လို့ ပြောပါတယ်။

အခုလိုမျိုး ပရိသတ်တွေတောင်းဆိုကြ တဲ့ကဏ္ဍမျိုးတွေရှိတဲ့အတွက် ပရိသတ်တွေ ဘယ်သီချင်းကိုကြိုက်ပြီး ဘယ်လိုပုံစံမျိုးကို အားပေးတယ်ဆို တာကိုသိနိုင် တယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ဇူ လိုင်လ ၂၂ ရက်နေ့မှာ အမေရိကကို ဖျော် ဖြေရေးသွားရောက်မှာဖြစ်ပြီး ၁လခွဲကြာ မှာဖြစ်ပါတယ်။ အမေရိက က ပြန်လာရင်တော့ တတိယစီးရီးဖြစ်တဲ့ ‘အာဘွား’ အခွေထွက်ရှိမှာဖြစ်ပြီး အမျိုး သားတေးသံရှင် ၁၄ဦးနဲ့ စုံတွဲတေး စီးရီး အခွေကို ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ထွက် ရှိသွားမှာဖြစ်တယ်လို့လည်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန် - THIT HTOO LWIN

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန် - THIT HTOO LWIN

ရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်

YTalk

၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။
--

မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ

မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ

မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ လူဦးရေနေ့ ဆောင်ပုဒ်က မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ ဖြစ်ပါတယ်။ ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရပြီး နောက် ၃ သန်းကျော်က အန္တာရာယ် ကြီးတဲ့ နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချ နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန် ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိန်းကလေးငယ် ကိုယ်ဝန်ဆောင်မှုတွေ ရှိနေ

တေးသံရှင် ဆိုတေး သေဆုံးတဲ့ သတင်း မှန်ကန်မှု မရှိ

တေးသံရှင် ဆိုတေး သေဆုံးတဲ့ သတင်း မှန်ကန်မှု မရှိ

တေးသံရှင် ဆိုတေး သေဆုံးတဲ့ သတင်း မှန်ကန်မှု မရှိ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် မော်တော်ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးသည် မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေပြီး သေဆုံးသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက မန္တလေးဆေးရုံကြီးသို့ ရောက်ရှိနေသော The Voice သတင်းထောက်ကို ယနေ့ည ၁၀နာရီ ၁၀ မိနစ် တွင် အတည်ပြုပြောကြားသည်။

The Voice Weekly

မီးအိမ်ရှင် ဆိုတေး၏ ကျန်းမာရေး စောင့်ကြည့်နေရဆဲ

ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံတွင် ဦးခေါင်းပိုင်းခွဲစိတ်ကုသမှု ခံယူထားရသော အဆိုတော်ဆိုတေး ၏ ကျန်းမာရေးအခြေအနေမှာ စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ယင်းဆေးရုံမှ ဆေးလှုမှုဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးက ယနေ့ည ၁၂နာရီ ၁၂ မိနစ်ခန့်က ဆိုသည်။

ခွန်စိုင်းအောင်

Popular Myanmar News Journal

ဓါတ်ပုံ - Than Naing Guitar (facebook) ဆိုတေး ကားမှောက်မှု မြင်ကွင်းဓါတ်ပုံများ။

ပြည်တွင်းအခွန်ဌာန၏ အဂတိလိုက်စားမှုနှင့် လူမှုရေး ဖောက်ပြန်မှုများ

ပြည်တွင်းအခွန်ဌာန၏ အဂတိလိုက်စားမှုနှင့် လူမှုရေး ဖောက်ပြန်မှုများ

ဇူလိုင်လ (၁၂) ရက်နေ့  ၂၀၁၃
ယနေ့ ကာလတွင် ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှုများ အနက် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ လာဘ်စားမှုများမှာ အဆိုးဆုံးနှင့် တိုင်းပြည်အတွက် အနစ်နာဆုံး ဖြစ်ကြောင်း ယခင်က တင်ပြခဲ့ ကြပြီး ဖြစ်သည်။

နှစ်စဉ် နှစ်တိုင်း ဘတ်ဂျက်ကာလ ရောက်သည်နှင့် မြို့ နယ်အခွန်ရုံး အသီးသီးမှ ဝန်ထမ်းများ သည် သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ ဆိုင်များ၊ လုပ်ငန်းများကို ရုံးသို့ ဆင့်ခေါ်စာများ ပေးပို့ လေ့ရှိကြသည်။ သို့ သော် ဆိုင်တိုင်းကိုပေးပို့ သည်မဟုတ်ဘဲ သူတို့ ကိုလာဘ်ငွေ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေး ထားသည့် ဆိုင်များကိုမူ ပေးပို့ ခြင်း မရှိကြောင်းကို ပြည်သူများ မသိကြရှာပေ။ လစဉ်ကြေး မပေးနိုင်သည့် ဆိုင်များသာ လျှင် ရုံးသို့ ပုံမှန် လာရစမြဲပင်။

ရုံးတွင်သက်ဆိုင်ရာ နယ်မြေမှ စာရေးက ကျသင့်မည့် အခွန်နှုန်းများကို တွက်ပြသည့်အခါ မည်သူမှ မဆောင်နိုင်ကြ။ ဤတွင်စာရေးက ထုံးစံအတိုင်း အနည်းဆုံး အခွန်နှုန်းဖြင့် လုပ်ပေးမည်၊ သက်သာမည့် အခွန်ငွေ၏ ထက်ဝက်ကို သက်ဆိုင်ရာ အခွန်မှူးကို ကန်တော့ရမည်၊ သူကိုညှိပေးခ အဖြစ်၂၀ရာခိုင်နှုန်းပေးရမည် ဖြစ်ကြောင်း အပိုင်ပြောတော့သည်။ ထိုပြင်သက်သာ ရံပုံငွေအတွက် ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရံပုံငွေပွဲလက်မှတ်များပါ ရောင်းသည့်အပြင် အကြောင်းအမျိုးမျိုးပြပြီး ဒဏ်ပါတပ်ရိုက်သေးသည်။ တိုင်းပြည်အတွက်လည်း နစ်နာ၊ ပြည်သူလည်း မသက်သာဘဲ၊ သူတို့ သာ စီးပွားဖြစ်တော့သည်။

အကယ်၍တောင်းသည့် လာဘ်ငွေ မပေးနိုင်လျှင် အရကောက်ခံမည် အခွန်ပိုမိုချပြီး ကြွေးတင် အောင်လုပ်မည် ဆိုင်ကိုချိပ်ပိတ်မည်၊ အခွန်မှူးကိုဝင်ပြောပြီး စည်းမျဉ်းများ ဥပဒေများကို တလွဲသုံးပြီး ဝိုင်း၍ ခြိမ်းခြောက် ကြမည်ဖြစ်သည်။ ထိုသူတို့ ကြောင့် အခွန်ကြွေးတင်ပြီး ဆိုင်ပိတ်ရသူတွေ၊ ဘဝပျက်ရသူ တွေများစွာ ရှိကြောင်း လေ့လာစုံစမ်း ကြည့်နိုင်ပါသည်။ တချို့ ဆိုလျှင် စီးပွားပျက်ခိုက်နှင့်ကြုံပြီး ထောင်ကျမည်စိုးရိမ်ကာ ကြွေးကြေအောင်လုပ်ပေးမည် ဟု ယုံကြည်မိ၍ လူပါပေးဆပ်လိုက်ရ လေတော့သည်။ ဘတ်ဂျက်ပိတ်သည့် ကာလရောက်သည့် အခါတွင်မူ အခွန် သွင်းထားသည့် လုပ်ငန်းများထဲမှ တချို့ တဝက်ကို လုပ်ငန်း အပိတ်ပြ၊ အရှုံးပြပြီး အိတ်ထဲထည့် ကြအုံးမည်ဖြစ်ရာ၊ ပြည်သူတွေ အခွန်သွင်းနေသည့်ကြားထဲမှ နိုင်ငံတော်အတွက် အခွန်အရနည်းနေ သည်မှာမထူးဆန်းတော့ပေ။

တိုင်းပြည်ကမွဲ၊ ပြည်သူကကြပ်တည်း၊ သူတို့ ကတိုက်နှင့်ကားနှင့်ပြီးတော့ မယားငယ် ကိုယ်စီနဲ့ 

လိင်အပျော်အပါး လိုက်စားသည့် နေရာတွင် ပြည်တွင်း အခွန်ဝန်ထမ်းများကို အခြားဌာနတွေမမှီနိုင်ပါ။ ယခင် ၁၉ ရုံး မဖျက်သေးခင် အချိန်ကဆိုလျှင် တနေ့ လျှင် သိန်းနှင့်ချီ ဝင်ငွေရခဲ့ကြသဖြင့် ရန်ကုန်မြို့ ရှိ တည်းခိုခန်း၊ အနှိပ်ခန်း၊ KTVဆိုင်မှန်သမျှ သူတို့ တွေချည်း ဖြစ်ခဲ့သည့်အပြင် ထိုဆိုင်များမှ မိန်းကလေးများကိုပါ အခွန်ဌာနဝန်ထမ်းများအဖြစ် သွင်းပေးခဲ့ကြ သည်အထိ ရင်းနှီးမှု ပိုခဲ့ကြသည်။ ထို့ အပြင်နယ်စပ်ဒေသများမှ ၁၉ လက်မှတ်လာလျှောက်သည့် မြန်မာစကား မကျွမ်းကျင်သည့် မလယ်မဝယ် တိုင်းရင်းသူ အမျိုးသမီးငယ်များကို ပွဲစားလုပ်ကူညီမည်အယုံ သွင်းပြီး ငွေယူသည့်အပြင် လူကိုပါအရယူကြသည်မှာတော့ ကြောက်မက်ဖွယ် ကောင်းလွန်း လှသည်။ ယခုအခါ ၁၉ ရုံးဖျက်လိုက်သော်လည်း မော်တော်ယာဉ်စီမံချက်ရုံးများ၊ တံဆိပ်ခေါင်း အရောင်းဌာနများ ကျန်ရှိနေသေးသဖြင့် ဝင်ငွေကောင်းနေကြဆဲပင်။

နေပြည်တော်ရုံး အမှတ်(၄၆)အခွန်ရုံးချုပ်တွင်တော့ ပြည်သူ့ဘဏ္ဍာငွေများ၊ မြို့ နယ်အခွန်ရုံး များမှ ဆက်ကြေးငွေများ ဖြင့် သိန်းပေါင်းများစွာ အကုန်အကျခံကာ ပွဲလမ်းသဘင်များ မကြာခဏ ကျင်းပလေ့ရှိကြောင်း ဌာနတိုင်းသိကြသည်။ ပျဉ်းမနားမြို့ ပေါ်ရှိ နာမည်ကြီး KTVဆိုင်မှ မိန်းကလေးများကိုခေါ်ကာ အရာရှိကြီးများနှင့် တွဲ၍သီချင်းဆိုကြသည်။ ဌာနတွင်းမှ ဝန်ထမ်း မိန်းမပျိုများကမူ မလုံမခြုံဝတ်စားကာ ကပြဖျော်ဖြေကြရ သည်။ ဝန်ထမ်းအမျိုးသားများကမူ အရာရှိများကို အရက်ငဲ့ပေးကြပြီး လူကြီးအလစ်တွင် အရက်ကောင်းစားများကို အလုအယက် ဝိုင်းသောက်ကြပြီး ဌာနတွင်းမှ မိန်းကလေးများကို အခွင့်အရေးယူကြ မူးယစ် ရမ်းကား ကြတော့သည်။

ပြီးခဲ့သော ဘဏ္ဍာနှစ် ပြည်တွင်းအခွန်နှစ်ပတ်လည်ပွဲတွင် လူရွှင်တော်ခင်လှိုင်-ဒိန်းဒေါင်နှင့် ခေမီကို အကအဖွဲ့ ကိုပင် ငှားရမ်းဖျော်‌ဖြေစေခဲ့ကြောင်း စုံစမ်းသိရှိနိုင်ပေသည်။ ထိုပွဲတွင် လူရွှင်တော်ဒိန်းဒေါင်မှာ အမူးလွန်နေသော အခွန်ဝန်ထမ်းများ၏ ရမ်းကားမှုကြောင့် ရီစရာပြက်လုံး ထုတ်ခွင့်မရခဲ့ဘဲ သူတို့ ခိုင်းသည့်အတိုင်း အကမယ် ခေမီကိုကဲ့သို့  ကွေးနေအောင် ကပြခဲ့ရရှာသည်မှာ ဌာနအတွက် အလွန်အရှက် ရစရာ ဖြစ်ခဲ့ရသည်။

ယခုအခါတွင် ယခင်ကဲ့သို့  ငွေရှာရမလွယ်တော့သဖြင့် ဌာနတွင်းမှ အမျိုးသမီးငယ်များကို မျက်စောင်းထိုးလာကြပြီး၊ အလွယ်ကြံစည်လာကြသဖြင့် ဌာနတွင်း၌ လူမှုရေး ဖောက်ပြန်မှုများ အလွန်များပြားလာ သော်လည်း အရေးယူနိုင်ခြင်းမရှိပေ။ နေပြည်တော် ဓာတုဇယဘုရား အနီးရှိ ပြည်တွင်းအခွန်အပျိုဆောင်ဆိုလျှင် အခကြေးငွေဖြင့် ခေါ်နိုင်သည့် မိန်းကလေးတချို့ ရှိခြင်း၊ အချိန်အခါမရွေးယောကျာ်းလေး ဧည့်သည်မျိုးစုံ မကြာခဏ အဝင်အထွက်များခြင်း တို့ ကြောင့်  ဘေးပတ်ဝန်းကျင် အဆောင်များ အကြားတွင် အလွန်ရေပန်းစား နေကြောင်း စုံစမ်းသိရှိနိုင်သည်။

အခွန်ဌာနဆိုသည်မှာ အခြားနိုင်ငံများတွင် နိုင်ငံကိုအကျိုးအပြုဆုံးနှင့် ဂုဏ်သိက္ခာ အရှိဆုံး ဌာနဖြစ်လေ့ရှိသော်လည်း၊ မြန်မာနိုင်ငံတွင်တော့ ကိုယ်ပိုင် KTV ဆိုင်ကြီးကဲ့သို့  လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်းဖြစ်နေပေတော့သည်။

သို့ ဖြစ်ရာ နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိသူ အပေါင်းတို့ သည် စံနမူနာ ပြ အနေဖြင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ၊ ထိရောက်သည့် အရေးယူမှုများကို အလျင်အမြန် ပြုလုပ်သင့်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူများ အနေဖြင့်လည်း ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ ခေတ်ကာလဖြစ်သည့် အခွင့်အရေးကို အမိအရယူကာ (လက်ကိုင်ဖုန်းအစရှိ သည်တို့ ကိုအသုံးပြု၍ ဓာတ်ပုံရိုက်၊ အသံဖမ်း၊ အမည်မှတ်သားကာ)သက်သေ အထောက်အထားများနှင့်တကွ သက်ဆိုင်ရာ (LCC) အခွန်ဝန်ဆောင်မှုရုံးများ၊ ဂျာနယ်မဂ္ဂဇင်းတိုက်များ၊ အင်တာနက် Websideများ Facebook ကွန်ရက်များမှတဆင့် မိမိတို့ ၏ နစ်နာမှုများကို အများပြည်သူသိရှိအောင် မဖြစ်မနေ ဖော်ထုတ် တိုင်ကြားကြမှသာလျှင် အများပြည်သူများနှင့် နိုင်ငံတော်ဖွံဖြိုး တိုးတက်မှုအတွက်ပါ အကျိုးရှိမည်ဖြစ်ပါကြောင်း ရှေ့ မျက်နှာနောက်ထားကာ ဝမ်းနည်းစွာ ထုတ်ဖော်ဝန်ခံ တင်ပြအပ်ပါ သည်။

အငြိမ်းစား ဝန်ထမ်းဟောင်း (ပြည်တွင်းအခွန်များဦးစီးဌာန)

Myanmar News Now

Friday, July 5, 2013

International news for myanmar: မှတ်ဥဏ်ကောင်းစေရန် နည်းလမ်း

International news for myanmar: မှတ်ဥဏ်ကောင်းစေရန် နည်းလမ်း:

၁။ သင်ယူနေစဉ် သတိလွတ်ခြင်း၊ အိပ်ငိုက်ခြင်းကို ရှောင်ကြဉ်ပါ။

၂။ သူငယ်ချင်းနဲ့ အခြား အပန်းဖြေမှု အတွက် သီးသန့် အချိန်ပေးပါ။

၃။ ဦးနှောက်ကျန်းမာရေး ကောင်းစေတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသားငါးကိုများကို ပုံမှန်စားသုံးရန် လိုအပ်ပါတယ်။

၎။ ဦးနှောက်ကို အလုပ်ပေးတဲ့ ဥာဏ်စမ်းများ၊ မေးခွန်းများကို ဖြေကြားခြင်း။

၅။ သီချင်းတေးဂီတ နားထောင်ခြင်း။

၆။ အိပ်ရေးဝအောင်အိပ်ပါ။

၇။ မှတ်ဥာဏ်ကောင်းစေရန် အဓိက အချက်ကတော့ Stress တွေ ရှောင်ဖို့ ပါ။ စိတ်ဖိအား၊ စိတ်ညစ်စရာ၊ စိုးရိမ်ပူပန်စရာတွေ များလာတာနဲ့အမျှ ဦးနှောက် ရဲ့  လုပ်ဆောင်ချက်ကို ထိခိုက်ပြီး မှတ်ဥာဏ်ပါ ကို နှေးကွေးစေ လို့ ဖြစ်ပါတယ်။
-

International news for myanmar: ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

International news for myanmar: ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar:

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။  ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph

International news for myanmar: ကမ္ဘာနှင့် လူသား

International news for myanmar: ကမ္ဘာနှင့် လူသား:

ပုံမှာ မြင်တွေ့နေရတာ ကတော့ စကြဝဠာ တစ်ခု ဖြစ်ပါတယ်။

စကြဝဠာ ရဲ့  အချင်းက အလင်းနှစ် ၉၃ ဘီလျံ ရှိပါတယ်။ အလင်းနှစ် တစ်နှစ်ဆိုတာ မိုင်ပေါင်း ၆ ထရီလီယံ ဖြစ်ပါတယ်။ ၁ ထရီလီယံ ဆိုတာ ၁ ပြီးရင် သုည ၁၈ လုံးပါတဲ့ ပမာဏ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပမာဏ ၆ ထရီလီယံစာ အလင်းနှစ်ပေါင်း ၉၃ ဘီလျံဆိုတော့ ဘယ်လောက်တောင် ကျယ်သလဲဆိုတော့ လက်နဲ့ရေးချလို့တောင် မကုန်နိုင်ပါဘူး။

ယင်းထဲမှာမှာ ဘီလျံပေါင်းများစွာသော ကြယ်၊ ဂလက်ဆီ၊ ဥက္ကာခဲ၊ ဂြိုလ် များ ပါဝင်ပါတယ်။ ကမ္ဘာဆိုတာ နေ တစ်လုံးကို ဝန်းရံထားတဲ့ ဂြိုလ်ကြီးများထဲမှာ တစ်လုံးသာ ဖြစ်ပြီး စကြဝဠာ  တစ်ခုမှာ ပါဝင်တဲ့ နေဆိုတာ ဘယ်လောက်တောင်များမှန်း တွက်ချက်လို့တောင် မကုန်ပါဘူး။ ကမ္ဘာရဲ့  တည်နေရာကို ဖော်ပြရရင်

ယင်းကဲ့သို့ စကြဝဠာ အစုပေါင်း ၄၀၀ ကျော်ထဲမှာမှ ကမ္ဘာဆိုတာ ပုံမှာ ရှာဖွေ ပြသထားတဲ့အတိုင်း တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ယင်းကမ္ဘာ ထဲ မှာမှ လူတစ်ဦးတစ်ယောက်ဆိုတာ ရှုံငုံကြည့်လိုက် ရင် မြင်နိုင် စရာတောင်မရှိပါဘူး။

ဒီလိုဆန်းကြယ်တဲ့ စကြဝဠာကို အခြေခံလို့ ဘာသာရေးအယူအဆ၊ နည်းပညာ အယူအဆ၊ အာကာသပညာ အယူအဆမျိုးစုံ ဖြစ်ပေါ်လာပြီး ရှင်းလေးရှပ်လေ၊ လေ့လာလေ နက်နဲလေနဲ့ လေ့လာလို့ကို မကုန်နိုင်တဲ့ ပညာရပ် တစ်ခု ဖြစ်လာပါတယ်။

One Young World 2016 Summit Highlights