သိပ်မြန်တဲ့ Maxthon 3 Browser လေးပါ
သူငယ်ချင်းတစ်ယောက်တောင်းထားလို့ Maxthon 3 Browser လေးကိုတင်ပေးလိုက်ပါတယ် ..
ဒီ Browser လေးကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သုံးရတာတော်တော်သဘောကျပါတယ် ..
မြန်လည်းမြန်ဆန်သလို မြန်မာဖောင့်အတွက် Setting ချိန်ရတာလည်း သိပ်မခက်ပါဘူး ..
အခုမှ စသုံးမယ့်သူတွေအနေနဲ့ အဆင်ပြေအောင် မြန်မာဖောင့်အတွက် Setting ချိန်ပုံတွေကိုပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ် ..
လောလောဆည်တော့ Maxthon 3 ကိုလိုချင်ရင် ဒီမှာ ဒေါင်းပါ ..
မြန်မာစာလည်း Setting ချိန်ဖို့ သိချင်သေးရင်တော့ အောက်မှာ ဆက်လေ့လာပါခင်ဗျာ
ပထမဆုံး Maxthon 3 Browser ကို Install လုပ်ပြီးပြီဆိုရင် သူ့ကိုဖွင့်လိုက်ပါ ..
Browser windows ရဲ့ ညာဖက်အပေါ်ဒေါင့်နားလေးက Drop Down Arrow လေးကို အောက်ကပုံအတိုင်း နှိပ်ပေးလိုက်ပြီး ကျလာတဲ့ထဲက Tab Option ကိုနှိပ်လိုက်ပါ ..
အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
ပွင့်လာတဲ့ Page ထဲက အောက်ဆုံးမှာရှိတဲ့ Advanced ကိုနှိပ်လိုက်ပါ ..အောက်ကပုံအတိုင်း ပွင့်လာပါမယ်
ပွင့်လာတဲ့ညာဖက်အခြမ်းထဲက Font ဆိုတဲ့ နေရာမှာ Select ဆိုတာလေးကိုနှိပ်လိုက်ပါ ..
နောက်ထပ်ပွင့်လာတဲ့ ၀င်းဒိုးအသေးလေးထဲက Zawgyi one ကိုရွေးပေးပြီး OK နှိပ်ပေးလိုက်ပါ
ပြီးရင် အဲဒီ Font ဆိုတာရဲ့ အောက်ဖက်ကို ဆက်သွားပြီး Encoding ရဲ့ ဘေးမှာရှိတဲ့ Box ရဲ့ ညာဖက်အစွန်က Drop Down Arrow လေးကိုနှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက Unicode (UTF-8) ကို ရွေးပေးလိုက်ပါ ..
သူ့အလိုလို Save လုပ်ပေးပါလိမ့်မယ်
အားလုံးပြီးသွားရင်တော့ Maxthon Browser ကို ပိတ်ပြီးမှ ပြန်ဖွင့်လိုက်ပါ .. မြန်မာအတွက် အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ် ..
နည်းပညာကိုလေ့လာနေတဲ့ သူငယ်ချင်းများအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
No comments:
Post a Comment