The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Tuesday, August 20, 2013
Lampard in Rooney ham nuam na lung sim nei thu
ချယ်လ်ဆီး အသင်းအနေဖြင့် ဝိန်းရွန်နီကို ခေါ်ယူနိုင်ရန် မိမိ မျှော်လင့်မိဆဲဟု ဖရန့်ခ်လမ်းပတ်က ထုတ်ဖော် ပြောကြားလိုက်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူးကို ချယ်လ်ဆီးက (၂)ကြိမ် ကမ်းလှမ်းဖူးပြီး အင်္ဂလန် ချန်ပီယံ အသင်းက အပြတ်ငြင်းပယ်ခဲ့သည်။ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကစားသမားသည် စနေနေ့ ညပိုင်းက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဆွမ်ဆီးစီးတီးကို (၄-၁)ဖြင့် အနိုင်ရခဲ့စဉ်က ဒုတိယပိုင်း၌ လူစားဝင် ကစားသွားသည်။ ယူနိုက်တက်သည် ရွန်နီကို လုံးဝ လက်မလွှတ်ရန် အခိုင်အမာ ရပ်တည်ထားပြီးနောက် ချယ်လ်ဆီးအတွက် ၎င်းကို ခေါ်ယူနိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။
သို့သော်လည်း ဝါရင့်ကွင်းလယ်လူ လမ်းပတ်က စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် အပြာရောင် ဂျာစီကို ပြောင်းလဲ ဝတ်ဆင်လာမည့် ရွန်နီ၏ ပုံရိပ်ကို စိတ်ကူးယဉ်နေမိဆဲဟု ဝန်ခံခဲ့သည်။ "နည်းပြ ဟိုဆေး မော်ရင်ဟိုက ရွန်နီကို ခေါ်ချင်နေတာ တကယ်ပါ။ ဒါပေမဲ့ လက်ရှိ ချယ်လ်ဆီးရဲ့ လူစာရင်းကလည်း တောင့်တင်းနေပြီ ဖြစ်ပါတယ်။ အသင်းမှာ တိုက်စစ်မှူး သုံးလေးယောက် ရှိနေပါပြီ။ ချယ်လ်ဆီးဟာ ကိုယ်ဘာလုပ်သင့်တယ် ဆိုတာကို သိတဲ့အသင်းပါ။ ရွန်နီကို လာစေချင်တာ အသင်းရဲ့ ဆန္ဒပါ။ မန်နေဂျာက ကစားသမားသစ် တစ်ယောက်ကို လိုချင်တယ်ဆိုရင် ကျွန်တော်တို့ တစ်သင်းလုံးကလည်း သူ့ကို လိုလားစိတ် ဖြစ်လာတာပါပဲ"ဟု လမ်းပတ်က ပြောဆိုခဲ့သည်။
လမ်းပတ်နှင့် ရွန်နီတို့သည် ပြီးခဲ့သည့် သီတင်းပတ်က စကော့တလန်နှင့် ကစားသော ပွဲစဉ်တွင် အင်္ဂလန်အတွက် ကိုယ်စားပြုခဲ့ကြသေးသည်။ ချယ်လ်ဆီး၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူအဖြစ် မှတ်တမ်းတင်ထားသည့် လမ်းပတ်က မိမိအနေဖြင့် ရွန်နီနှင့် အပြောင်းအရွှေ့ကိစ္စ မဆွေးနွေးဖြစ်ခဲ့ဟု ဆိုသည်။ အသက်(၃၅)နှစ်ရှိ လမ်းပတ်က "ကျွန်တော် ရွန်နီနဲ့ အပြောင်းအရွှေ့ကိစ္စ ဘာမှ မပြောဖြစ်ပါဘူး။ အင်္ဂလန်နဲ့အတူ လေ့ကျင့်နေချိန်မှာ သူက လေ့ကျင့်ရေး ကိစ္စကိုပဲ အပြည့်အဝ အာရုံစိုက်ထားပုံပဲ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော်ဟာ ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် တာဝန်ယူတဲ့ ဝန်ထမ်းလည်း မဟုတ်ပါဘူး။ ဖြစ်သင့်တာကို ကလပ်အသင်းက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်က ကစားသမား တစ်ယောက်သာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရွေးစင် အသင်းမှာ ပါးစပ်ပိတ်ပြီး လေ့ကျင့်စရာရှိတာ လေ့ကျင့်၊ ကစားစရာရှိတာ ကစားဖို့ရုံထက် ဘာမှ မလုပ်ခဲ့ပါဘူး"ဟုလည်း ရှင်းပြသွားသည်။
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment