ဓာတ်ပုံတွေကို အသက်သွင်းမယ် Talking တွေလည်း ပွားခိုင်းမယ်
အဲဒီ ဓာတ်ပုံ တွေကိုပဲ စကားတွေ ပြောခိုင်းမယ် .. အသံတွေထွက်ခိုင်းမယ် ...
အဲဒီလို Editing လုပ်နိုင်တဲ့ ဆော့ဝဲလေးပါဖြစ်ပါတယ် ..
ကာတွန်းကားတွေကို ကြည့်ဖူးမှာပါ .. အရင်က ကာတွန်းကားတွေကတော့
ကာတွန်းကွက်တွေ အများကြီးဆွဲပြီး ဖလင်မှာ တွဲယှက်ခဲ့တာ ဖြစ်ပေမယ့်
အခုနောက်ပိုင်း ကာတွန်းကားတွေက အခုကျွန်တော်ပြောတဲ့ Crazy Talk လို
ဆော့ဝဲမျိုးတွေကို အသုံးပြုပြီး Edit လုပ်ထားတာပါ ..
တိရစ္ဆာန်တွေ စကားပြောတဲ့ ဇာတ်ကားတော်တော်များများကိုလည်း ဒီလိုပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ် ..
ဆော့ဝဲလေးလိုချင်ရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါ ..
ဖိုင်ဆိုဒ်က 121MB လောက်ရှိနေတာမို့ပါ .. ပထမ Box မှာတင်ထားတာ Monthly Bandwidth က နှစ်ရက်တည်းနဲ့ ပြည့်သွားလို့ Mediafire မှာ ပြန်တင်ပေးလိုက်ပါတယ်
ကဲ .. ဒေါင်းပြီးပြီဆိုရင်တော့ Install လုပ်ဖို့အတွက် အထဲမှာရှိတဲ့ဖိုင်တွေထဲက
Serial ဆိုတဲ့ text ဖိုင်ကို အရင်ဖွင့်ပြီး အဲဒီထဲက Serial key တွေကို ကော်ပီကူးယူထားလိုက်ပါ ..
ပြီးရင် အင်တာနက် ကွန်နက်ရှင်ကို ပိတ်ထားပါ ..
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒေါင်းလို့ရလာတဲ့ထဲက Setup ဆိုတဲ့ Application ဖိုင်ကို Run ပြီး Install
လုပ်လိုက်ပါ .. ( Application ဖိုင်နော် .. Configyration settings ဆိုတဲ့ ဖိုင်မဟုတ်ဘူး )
Install လုပ်လို့ပြီးတာနဲ့ Serial ဖြည့်ခိုင်းပါလိမ့်မယ် ..
အစောပိုင်းက ကော်ပီကူးယူထားတဲ့ Serial ကို ဖြည့်ပေးလိုက်ရုံပါပဲ ..
အဲဒါဆိုရင် Full Version ဖြစ်သွားပါပြီ ..
နောက်ထပ်တက်လာတဲ့ Crazy Talk Member အဖြစ် Sign Up လုပ်ခိုင်းတဲ့ Box တွေကတော့
အလုပ်ရှုပ်ခံမနေနဲ့ .. ပိတ်သာပိတ်ပစ်လိုက်ပါ .. ( စိတ်ဝင်စားရင်လည်း နိုင်ငံခြားက Crazy Talk
ပညာရှင်တွေနဲ့ ဆွေးနွေးချင်စိတ်ရှိရင် Sign Up လုပ်နိုင်ပါသေးတယ် )
ကဲ .. ဆော့ဝဲကိုတော့ Install လုပ်ပြီးသွားပြီ ..
ဘယ်လိုသုံးရမလဲ သိချင်မှာပေါ့ ..
ဟုတ်ကဲ့ .. ရှင်းပြနေမယ်ဆိုရင် အများကြီးမို့ သူ့ကို အသုံးပြုတဲ့နည်းတွေကို
အသေးစိပ်ရေးပေးထားတဲ့ စာအုပ်လေး တင်ပေးထားတယ်ဗျ ..
အဲဒီစာအုပ်ကိုတော့ အောက်မှာ ဒေါင်းယူလိုက်ပါ ..
ကဲ .. ဒါဆို .. အဆင်ပြေပြီနော် ..
သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေနဲ့အတူ သူငယ်ချင်းများ ပျော်ရွှင်နိုင်ကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
No comments:
Post a Comment