The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Tuesday, August 20, 2013
Ak pan Sa ki nga Natna Virus te pen Mi hing le Mi hing ki law thei cin Sem lam mipil te gen khia nanei hi..
ကြက်ငှက်တုပ်ကွေး ရောဂါကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်မျိုးကွဲ တစ်ခုဖြစ်သော H7N9 သည် ယခုအခါ လူလူချင်း ကူးစက်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိလာခဲ့သည်။ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက ဗုဒ္ဓဟူးနေ့တွင် မိမိတို့ အနေဖြင့် H7N9၏ လူမှလူချင်း ကူးစက်သော ဖြစ်စဉ်တစ်ခုကို ပထမဆုံးအကြိမ် ခြေရာခံ ဖော်ထုတ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ယခင်က H7N9သည် ကြက်ငှက်များမှ လူသို့ ကူးစက်မှုသာ ကြုံရဖူးပြီး ယခုနှစ် မတ်လနောက်ပိုင်း လူပေါင်း(၄၀)မျှကို အသက်ဆုံးရှုံး စေခဲ့ပြီး ဖြစ်သည်။
ယခုကဲ့သို့ ကူးစက်ပုံရင်းမြစ် ပြောင်းလဲ တိုးတက်လာခြင်းသည် H7N9 တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည့် ဆေးသုတေသန ပညာရှင်များအတွက် စိုးရိမ်စရာ အခြေအနေ တစ်ရပ်ထံသို့လည်း ဦးတည်လာစေသည်။ မည်သို့ပင်ဖြစ်စေ၊ လက်ရှိ အခြေအနေတွင် H7N9သည် တိရစ္ဆာန်မှ လူသို့ကူးစက်မှုသာ အဖြစ်များပြီး လူလူချင်း ကူးစက်ရန်မှာ ခဲယဉ်းလွန်းဆဲဟု ယူဆနိုင်ကြောင်း တရုတ် သုတေသီများက ဆိုသည်။ "လူတွေအတွက် အရမ်းစိတ်ပူစရာတော့ မလိုသေးပါဘူး"ဟု ကူးစက်ရောဂါဗေဒ ပညာရှင် ချန်ဂျန်ဘိုအာက ပြောကြားခဲ့သည်။
၎င်းသည် ယင်းရောဂါပိုး အဓိက ပျံ့နှံ့ သက်ရောက်နေသည့် ဂျီအန်ဆု ပြည်နယ်ရှိ ရောဂါတားမြစ် ထိန်းချုပ်ရေး ဌာနတွင် အလုပ်လုပ်နေသူ ဖြစ်သည်။ AFP သတင်းထောက်နှင့် တွေ့ဆုံရာ၌ ဒေါက်တာချန်က "လူလူချင်း ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်အသစ် တစ်ခုကို တွေ့ရှိခဲ့တယ် ဆိုပေမယ့် ဒီလို အလားတူ ဖြစ်နိုင်ခြေမျိုး ကျယ်ပြန့်လာဖို့တော့ သိပ်မဖြစ်နိုင်သေးဘူး"ဟုလည်း ရှင်းပြခဲ့သည်။ H7N9 ဗိုင်းရပ်စ် အနေဖြင့် လူမှလူချင်း လွယ်ကူစွာ ကူးစက်နိုင်အောင် မျိုးဗီဇ ပြောင်းလဲမှုမျိုး ပေါ်ပေါက်လာနိုင်သည်မှာ ပညာရှင်များ အလွန်စိုးရိမ်သည့် အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။
အသက်(၆၀)အရွယ် အမျိုးသားကြီး တစ်ဦးသည် H7N9 ဗိုင်းရပ်စ်ကြောင့် ဆေးရုံတွင် သေဆုံးခဲ့ပြီး ၎င်း၏ ရောဂါပိုးသည် သမီးဖြစ်သူထံ ကူးစက်ခဲ့သည်ဟု ယူဆရသည်။ အသက်(၃၂)နှစ်ရှိ အမျိုးသမီးသည် ဖခင်ကို တစ်ပတ်ကြာမျှ ပြုစုခဲ့ပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့်ပင် ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်ခဲ့သည်။ သူမသည် ယခင်က ကြက်ငှက်များနှင့် ထိတွေ့မှု မရှိခဲ့ရာ ရောဂါပိုး ကူးစက်မှု ရင်းမြစ်သည် ဖခင်ထံမှ ဖြစ်လိမ့်မည်ဟု သုတေသီများက ယုံကြည်ထားသည်။
"အဲဒီသားအဖမှာ အဖေက ကြက်ငှက်ဈေးတွေကို ပုံမှန်သွားဖြစ်တယ်။ သမီးကတော့ လုံးဝ ထိတွေ့မှု မရှိဘူး။ သူတို့နှစ်ယောက်ရဲ့ ဖျားနာမှုက လူလူချင်း ဆက်နွယ် ကူးဆက်မှု ရှိတယ်လို့ ယူဆရပါတယ်"ဟု ချန်က ဆိုသည်။ သေဆုံးသူ သားအဖ နှစ်ဦးထံမှ ဗိုင်းရပ်စ်နမူနာများကို စမ်းသပ်မှုအရ ချွတ်စွပ်နီးပါး တူညီမှု ရှိနေကြောင်းလည်း တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံတွင် တရားဝင် ထုတ်ပြန်သော ကြေညာချက်များအရ H7N9ကြောင့် စုစုပေါင်း သေဆုံးသူ (၁၃၂)ဦးထိ ရှိနေပြီးဖြစ်ကြောင်း သိရသည်။ အခြား ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ကြသည့် H5N1နှင့် H7N7တို့တွင်လည်း လူမှလူချင်း ကူးစက်မှုမျိုးထံ ဗီဇပြောင်းလဲဖူးရာ H7N9သည်လည်း အလားတူ အခြေအနေမျိုး ဖြစ်ပေါ်လာမည်ကို သိပ္ပံပညာရှင်များက စိုးရိမ်နေခြင်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment