Saturday, August 10, 2013

http://itmotesoeway.blogspot.in/2013/07/wifi.html အမြန်ဆုံးသော Intetnet Speed ကို သုံးနိုင်စေမယ့် DNS Jumper v1.0.5 post-image ကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ရဲ့ အမြန်နှုန်းဟာ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ DNS အပေါ်မှာလည်း အများကြီး မူတည်နေပါတယ် ... Response ပြန်တာ နှေးကွေးတဲ့ DNS နဲ့ အသုံးပြုနေတယ်ဆိုရင် အင်တာနက် အမြန်နှုန်းဟာ နိမ့်ကျနေမှာ ဖြစ်ပြီး .. Response ပြန်တာ သွက်လက်တဲ့ DNS ကို အသုံးပြုနေတယ်ဆိုရင် အင်တာနက် အမြန်နှုန်းဟာ သွက်လက်နေမှာဖြစ်ပါတယ် အဲဒီလို Response ပြန်တာ အမြန်ဆုံးဖြစ်တဲ့ DNS ကို ရွေးချယ်ပြီး ပြောင်းလည်းအသုံးပြုနိုင်မယ့် ဆော့ဝဲလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ... DNS Jumper v1.0.5 ပါ ဒီဆော့ဝဲလေးက ကျွန်တော်တို့ အသုံးပြုနိုင်တဲ့ DNS တွေအနက်က အမြန်ဆုံးဖြစ်တဲ့ DNS ကို စိစစ်ရွေးခြယ်ပေးပြီး သူရွေးခြယ်ပေးတဲ့ DNS ကို အသုံးပြုနိုင်အောင်လည်း Apply လုပ်ပေးမှာ ဖြစ်ပါတယ် .. ကဲ .. စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူလိုက်ပါ ဒေါင်းပြီးရင်တော့ အထဲမှာ ပါတဲ့ ဖိုဒါကို Desktop ပေါ်ဆွဲတင်လိုက်ပါ .. အဲဒီဖိုဒါထဲမှာပါတဲ့ Dns Jymper ဆိုတဲ့ exe ဖိုင်လေးကို Run လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ... [DNS Jumper] အဲဒီထဲက Fastest DNS ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. ( အင်တာနက် ဖွင့်ပေးထားရပါမယ်) အောက်ကပုံအတိုင်း DNS တွေ လိုက်ရှာနေပါလိမ့်မယ် .. [DNS Jumper] ရှာလို့ပြီးသွားရင်တော့ အမြန်ဆုံး DNS ကို အစိမ်းရောင်လေးနဲ့ ဖေါ်ပြလာပါလိမ့်မယ် [DNS Jumper] အဲဒီအခါ အောက်နားမှာရှိတဲ့ Apply Fastest DNS ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြီးရင်တော့ အဲဒီဝင်းဒိုးလေးကို မပိတ်ပဲ Minimized လုပ်ပြီး အင်တာနက် သုံးလို့ရပါပြီ ဒီဆော့ဝဲတစ်ကယ်အလုပ် .. လုပ်မလုပ်ကိုစမ်းချင်တယ်ဆိုရင် ဖိုင်တစ်ဖိုင်လောက်ကို သာမာန်အတိုင်း ဒေါင်းယူပါ .. Download Speed ကိုလည်း မှတ်ထားပါ ဒေါင်းလို့ မပြီးခင် ဒေါင်းနေတာကို ပိတ်လိုက်ပါ ဒီဆော့ဝဲလေးကို အပေါ်မှာ ပြောခဲ့တဲ့နည်းအတိုင်း DNS ရှာခိုင်းပြီး Apply Fastest DNS ကို နှိပ်ပါ .. အစောပိုင်းက ပိတ်ထားခဲ့တဲ့ Download ကို ပြန်ဆက်ပြီး ဒေါင်းကြည့်ပါ .. Download Speed နှစ်ခုကို ယှဉ်ကြည့်ပါ ... ကဲ .. ကိုယ်တိုင်သာ စမ်းသုံးကြည့်ပါတော့ .. အဆင်ပြေပါစေဗျာ နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက် အိုင်တီမုဆိုး

No comments:

Post a Comment

One Young World 2016 Summit Highlights