Saturday, August 17, 2013

အိုင်တီမုဆိုး: ဓာတ်ပုံလည်းကလိချင်တယ် Photoshop လည်း မကျွမ်...

အိုင်တီမုဆိုး: ဓာတ်ပုံလည်းကလိချင်တယ် Photoshop လည်း မကျွမ်...: ဓာတ်ပုံလေးတွေကို ကလိလည်းကလိချင်တယ် Photoshop လည်း မသုံးတတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဆော့ဝဲလေးတစ်ခုနဲ့ ...

ဓာတ်ပုံလည်းကလိချင်တယ် Photoshop လည်း
မကျွမ်းကျင်ဘူးဆိုရင်


ဓာတ်ပုံလေးတွေကို ကလိလည်းကလိချင်တယ် Photoshop လည်း မသုံးတတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဆော့ဝဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..
အဲဒီဆော့ဝဲလေးကတော့ Magic Photo Editor ပါ .. ဒီဆော့ဝဲလေးရဲ့ လန်းချက်တွေကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ် ..



၁။ ဒီဆော့ဝဲလေးက ကွန်ပြူတာထဲမှာ install လုပ်စရာမလိုပဲ သူ့ထဲမှာပါတဲ့ .exe ဖိုင်လေးကို Desktop ပေါ် ကူးတင်ပေးလိုက်ရုံနဲ့ အရံသင့် ဖွင့်သုံးနိုင်ပါတယ် ..
၂။ ဒီဆော့ဝဲလေးက ကွန်ပြူတာ အနိမ့်အမြင့်မခွဲခြားပဲ ဘယ်လိုကွန်ပြူတာမျိုးမှာမဆို ကောင်းကောင်းကြီး အလုပ်လုပ်ပါတယ် ..
၃။ ဒီဆော့ဝဲလေးက ကာတွန်းပုံလေးတွေနဲ့ ဓာတ်ပုံဖိုင်တွေကို လိုသလို ပေါင်းစပ်ပြီး သူငယ်ချင်းတို့ စိတ်ကူးကောင်းရင်ကောင်းသလို ပျော်ရွှင်စရာ ချစ်ခင်စရာ စိတ်ကူးယဉ်စရာကောင်းတဲ့ ဒဏ္ဍာရီဆန်ဆန် ပန်းချီကားလေးတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ် ..
၎။ ဒီဆော့ဝဲလေးက သက်မဲ့ ပုံရိပ်တွေကို စကားပြောပုံစံလေးတွေ ထည့်သွင်းပြီး ကိုယ်ပြောစေချင်တဲ့စကားကို စာသားလေးတွေအဖြစ်နဲ့ ရိုက်သွင်းဖော်ပြနိုင်ပါတယ် ..
ကဲဗျာ .. ဒီဆော့ဝဲလေးရဲ့ ကောင်းကြောင်းကို ဆက်ပြောပြနေရင် .. ဆော့ဝဲ ဒေါင်းဖို့ အချိန်လင့်နေလိမ့်မယ် .. လိုချင်တဲ့သူငယ်ချင်းများ အောက်က လင့်မှာ ဒေါင်းယူ အသုံးပြုနိုင်ပါတယ်ဗျာ ..

Download <<< ဒီမှာဒေါင်းပါဗျာ >>>

No comments:

Post a Comment

One Young World 2016 Summit Highlights