The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Saturday, August 17, 2013
စိတ်ရဲ့အဖော်ပါပါစေ!
Posted: 15 Aug 2013 04:00 PM PDT
ခံစားချက်တွေ မျိုသိပ်တာများလာတော့
ပေါက်ကွဲလွင့်စင်တတ်တယ်။
ခံစားချက်နယ်ပယ်နဲ့ ကင်းဝေးနေတော့
နှလုံးသား အထီးကျန်ဆန်လာတယ်။
ဖွင့်ပြောချင်စိတ်တွေ မျိုသိပ်ခဲ့ရပြန်တော့
တိတ်တဆိတ်ကြေကွဲတယ်။
ဖွင့်ပြောချင်စိတ်တွေ ဖွင့်ဟသွန်ချတော့
စွပ်စွဲခံရပြန်တယ်။
မတရားမှု့တွေမြင်နေရတော့
လက်တို့ပြောချင်ခဲ့တယ်။
လက်တို့အမှန်ပြောပြချင်ပေမဲ့လည်း
နားထောင်ပေးမဲ့သူ မရှိဖြစ်ပြန်တယ်။
အတင်းအဓမ္မ သိမ်းယူတာတွေမြင်နေရတော့
အသိစိတ်ထဲ သွေးဆူလာတယ်။
အသိစိတ်ထဲ သွေးဆူနေပမဲ့
(ပါဝါ)ရိန်းဂျား မဟုတ်တာကြောင့်
ဓမ္မ လေးကိုလက်စွဲ ခပ်ဝေးဝေးဘဲ နေခဲ့တယ်။
လက်ညှိုးထိုး မတရားစွပ်စွဲတာတွေမြင်နေရတော့
လက်ညှိုးကိုဖြတ် အမှန်ကိုပြချင်တယ်။
လက်ညှိုးကိုဖြတ် အမှန်ကိုပြဖို့ကလည်း
ကိုယ့်လက်ထဲမှာ (ငွေ)ဓား မရှိပြန်ဘူး။
စိတ်ဆိုတာ အထိန်းအချုပ်မရှိဘူး
သွားချင်ရာသွားမယ်
ရောက်ချင်တာရောက်မယ်
ဒါကြောင့် ဘယ်ကိုသွားသွား
စိတ်ရဲ့အဖော် (တရား) လက်နက်နဲ့
(ဓမ္မ )ဓားလေး ဆောင်သွားနိုင်ကြပါစေ။
စာဖတ်သူများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
ရေးချင်ရာရေးမိတဲ့အတွေး
Posted: 15 Aug 2013 04:00 PM PDT
ဘဝနှင့်ဆန္ဒ
ဘယ်ဟာတွေဘယ်လို
အံ့ဝင်ဂွင်ကျမရှိခဲ့သော်ငြားလည်း
စိတ်၏ အသိမှာ
"ဘဝက" ရှင်သန်မှု
"ဆန္ဒက" လိုချင်မှု
ဒီနှစ်ခုကြား
ခဏခဏ
အထုထောင်းခံခဲ့ရတယ်။
ပျော်ရွှင်လိုက်ငိုကြွေးလိုက်
အရာရာအတွက်ပျော်ရွှင်လိုက်
အရာရာအတွက် ငိုကြွေးလိုက်
ငိုချင်သူငိုပျော်ရွှင်သူပျော်
ဒီနှစ်ခုကြားရူးခဲ့
ဖူးတယ်။
အစနဲ့အဆုံး
မွေးလာတစ်နေ့
သေပြန်သွားတော့ အဆုံးအစ
ဘယ်ဟာဘယ်မှာ စီရာတကျ သူ့လိုလို
ထားရတာဘဲ။သွားသူကသွား
လာသူကလာ "ဟော"
ဒီလောက ဘယ်မှာ
နေချင်ဖွယ်ရာ
ရှိဦးမှာ
လဲ။
သည်ပုံပြင်သည်...ပုံပြင်ဖြစ်ပါသည်..
Posted: 16 Aug 2013 08:53 AM PDT
တစ်ခါက မဖြစ်နိုင်တဲ့အရာတွေကို တောင့်တပြီးနေတဲ့လူတွေဟာ ရွာကြီးတစ်ရွာမှာစုပြီး နေထိုင်သတဲ့…..
အဲဒီရွာအမည်ကတော့ "မဖြစ်နိုင်ရွာကြီး" ပေါ့ ။
အဲဒီရွာမှာနေနေကြတဲ့သူတွေဟာ တစ်ကယ်တော့ အဲဒီရွာမှာ နေချင်ကြတာ မဟုတ်ဘူး။ အမြဲတမ်း ထွက်သွားချင်စိတ်တွေက လူတိုင်းလူတိုင်းမှာ ရှိနေကြတယ်။ မနေချင်ပဲနဲ့ ဘာဖြစ်လို့ နေနေကြတာလဲလို့ မေးစရာတော့ရှိပါရဲ့…။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ဒီရွာကိုရောက်လာရတဲ့ အကြောင်းအရင်းက ဘယ်သူ့ရဲ့အတင်းအကြပ်စေခိုင်းမှုမပါပဲ သူတို့ဘာသာ ရောက်လာကြလို့ပဲ။ ဒါပေမယ့် ထွက်သွားချင်တိုင်း ထွက်သွားလို့တော့မရဘူး။
ဘာကြောင့်ထွက်သွားလို့မရတာလဲ… မေးစရာထပ်ရှိပါရဲ့။ အဲဒါက ဘာဖြစ်လို့လဲဆိုပြန်တော့ သူတို့ကိုယ်တိုင်ကပဲ ကျေကျေနပ်နပ်ကြီး ထွက်မသွားကြတာပဲ။ ဖတ်ရတာ ရှုပ်သွားပြီ ထင်တယ်။ ဒါဆို ဥပမာတစ်ခု ပေးကြည့်မယ်။ လူတစ်ယောက် အမှားလုပ်ခဲ့ပြီဆိုပါစို့…. အဲဒီလူက ပြစ်မှု အသေးအကြီး အလိုက်ထောင်ထဲ (သို့)အချုပ်ထဲမှာနေသင့်သလောက်နေရမယ်။ ပြစ်မှုသေးရင်အချိန်မကြာဘူး ပြစ်မှု ကြီးရင်အချိန်ကြာမယ်။ ဒီလိုပဲ… ဒါပေမယ့် သူတို့က အပြစ်လုပ်ထားကြတာမဟုတ်ဘူး။ ဒါကြောင့်ထောင်ထဲမှာ နေရသလိုလဲ မဟုတ်ပြန်ဘူး။ သူတို့ကစိတ်ကူးနဲ့ပိတ်မိနေတာ။ ဒါ့ကြောင့် စိတ်ကူးနဲ့ပဲ ပြန်ထွက်လို့ရတဲ့အထိ စောင့်နေတာပေါ့။ ဒါကလည်း အချိန်အကန့်အသတ်မရှိဘူး။ အဲ… ထွက်လို့ရရင်တော့ သူတို့ပျော်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ကူးတွေ ပြည့်တဲ့နေ့ဖြစ်နေလို့လေ….။ ဒါပေမယ့် ထွက်လို့မရသေးသရွေ့လည်း သူတို့ စိတ်မညစ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာစိတ်ကူးတွေရှိနေကြဆဲ မို့လို့ပေါ့။
ဒီလောက်ဆို သဘောပေါက်လောက်မယ် ထင်တယ်။ မပေါက်လဲ ဖြည်းဖြည်းချင်းဆက်ရှင်းသွားကြတာပေါ့….နော်….။ ဘာပဲဖြစ်ဖြစ် သူတို့က မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်တဲ့သူတွေဆိုတာပါပဲ။
တစ်နေ့ကျတော့ အဲဒီရွာကြီးမှာ အစည်းအဝေးပွဲတစ်ပွဲ ကျင်းပတယ်။ အစည်းအဝေးဆိုပေမယ့် သူများတွေလို မေ့လောက်မှကျင်းပတဲ့ပွဲမဟုတ်ဘူး။ တစ်လတစ်ခါလုပ်တဲ့ပွဲ ။ အဲ့… အခြေအနေတွေ တစ်မျိုးသိသိသာသာ ပြောင်းလဲခဲ့ရင်တော့ ရက်မရွေးပဲ ချက်ချင်း ကျင်းပတာမျိုးလဲရှိတယ်။ ပြောရရင် မူတော့မမှန်ဘူးပေါ့။ ဒါပေမယ့် လူကတော့မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာရဲ့ လူတွေအကုန်လုံးက ဒီအစည်းအဝေးပွဲကို အမြဲတမ်းစိတ်ဝင်တစား စောင့်နေကြလို့ပဲ။ သူတို့အတွက် အဲဒီ အစည်းအဝေးပွဲဟာ သတင်းကြေငြာတဲ့ပွဲဆိုလည်း ဟုတ်တယ်။ အခန့်သင့်လို့ စိတ်ကူးတွေဖြစ်လာခဲ့ပြီဆိုလည်း သူတို့ ဒီရွာက ထွက်သွားရမယ့်ပွဲလည်း ဖြစ်တယ်။ ပြီးတော့ ဒီမဖြစ်နိုင် ရွာကြီးရဲ့ ရွာသူကြီးဆိုတဲ့ ခေါင်းဆောင်ရွေးပွဲ ဆိုလည်း ဟုတ်တယ်။ ဒီတော့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အမိုးမိုးပြီး လာကြတာပေါ့။
အဲ… ခေါင်းဆောင်ဆိုလို့ ပြောရအုံးမယ်။
အဲဒီရွာရဲ့ ရွာသူကြီးရွေးနည်းက ဆန်းတယ်လို့ပြောလည်းရတယ်။ မဆန်းဘူးလို့ပြောလည်းရတယ်။ ရွေးပုံက သူများရွာတွေလို သမာသမတ်ရှိရှိ လုပ်ရည်ကိုင်ရည်ရှိရှိ အမြော်အမြင်နဲ့ ပြည့်စုံသူတွေ ဘာတွေနဲ့ ရှည်ရှည် ဝေးဝေး စဉ်းစားတာမဟုတ်ဘူး။ ဒီမဖြစ်နိုင် ရွာမှာနေထိုင်သူတွေထဲက မဖြစ်နို်င်ဆုံး စိတ်ကူးယဉ်သူတစ်ယောက်ကို ရွေးပြီး ရွာသူကြီးအဖြစ်ခန့်လိုက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူကမှ ရွာက ထွက်သွားနိုင်ခြေ အနည်းဆုံးပဲ မဟုတ်လား။
ပြီးရော…..။
ဒါမှသူတို့ရွာမှာ ကြာကြာရှည်ရှည်အုပ်ချုပ်နိုင်မှာပေါ့။ ဒါ့ကြောင့် သူ့စိတ်ကူးက လုံးဝ မဖြစ်နိုင်ရင် အဲဒီလူက ဆရာကြီးပဲ…….။
ကဲ…..။ ဒီလိုနဲ့ အစည်းအဝေးကျင်းပတဲ့ အချိန်ရောက်ပြီပေါ့။ အဲဒီ မဖြစ်နိုင်ရွာကြီးရဲ့ အစည်းအဝေးအတွက် သက်သက်ဆောက်ထားတဲ့အိမ် အိမ်ဆိုပေမယ့် ဘာမှမရှိတော့ ဟောကြီးပေါ့။ အဲဒီဟောကြီးထဲမှာတော့ လူတွေက ရုတ်စု ရုတ်စုနဲ့ တစ်ရွာလုံးနီးပါး အပြည့်ပဲ။ တစ်ချို့က သူတို့ရဲ့ မဖြစ်နိုင်တဲ့စိတ်ကူးလေးတွေ ပြည့်တော့မှာလား ဒါမှမဟုတ် ပြည့်နေပြီလား အစရှိတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တစ်ချို့ကတော့ ကိုယ့်စိတ်ကူးကို ကိုယ်သိနေပြီးသားပဲဖြစ်လို့ ထွေထွေ ထူးထူးမဟုတ်တော့ပါဘူး။ ပြီးတော့ အခြေအနေထူးလို့လုပ်တဲ့ကြားဖြတ် အစည်းအဝေးပွဲမဟုတ်တော့ အများစုက သာမာန်ရိုးကျပဲ။ ဘယ်သူတွေလူသစ်ဝင်တယ် အဲဒီထဲကမှ ဘယ်သူက ထပ်ထူးပြီး ခေါင်းဆောင်ဖြစ်မှာလဲ စသည်ဖြင့်လောက်ပါပဲ။ အဓိကက သူတို့က ဒါတွေကို နားထောင်ချင်ယုံလောက်ပါ။
သြော်.. အချိန်ရတုန်း ဒီဟောခန်းမကြီးရဲ့ ပုံသဏ္ဍာန်ကို ရှင်းပြရဦးမယ်။ အရင်ဆုံးဒီဟောခန်းမကြီးရဲ့ တည်ဆောက်ထားပုံကို ရှင်းပြမယ်။ တည်ဆောက်ထားပုံက ရိုးရိုးပါပဲ။ ၀င်ပေါက်တစ်ခုရှိတယ်။ ထွက်ပေါက် တစ်ခုရှိတယ်။ အလယ်မှာတိုင်တွေရှိပြီးတော့ တိုင်တွေရဲ့အဆုံးမှာ လူဆယ်ယောက်လောက် ဟောပြောလို့ရတဲ့ စင်တစ်ခုရှိတယ်။
ဒါပဲ…..
ဟင်…. ဒါပဲဆိုတော့ ဘာများထူးဆန်းလဲလို့ မေးစရာရှိမယ်။ ပြောပြပါ့မယ်။ ဒီအဆောက်အအုံရဲ့ ထူးခြားချက်က (1)နာရီမိုင်(400)နှုန်း တိုက်ခတ်တဲ့ မုန်တိုင်းထက်ပြင်းတယ့် လေဒဏ်ကို ခံနိုင်ရည်ရှိတယ်။ (2)မိနစ်ကို မိုင်(30)နှုန်း စီးဆင်းတဲ့ရေရဲ့တိုက်စားမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်။ ပြီးတော့ ငလျှင်လှုပ်လေ ပိုခိုင်လေတဲ့။
ဘယ့်နှယ့်လဲ.. မထူးဆန်းဘူးလား…
မဖြစ်နိုင်ဘူးမပြောနဲ့ ဒီထက်ထူးဆန်းတာ ပြောပြဦးမယ်။ ဒီအဆောက်အအုံကို ဆောက်သွားတာ ကမ္ဘာအရှည်ဆုံး ပင်လယ်ကူးတံတားကို တိုင်မထောင်ပဲ ဆောက်သွားသူတဲ့။ နာမည်တော့ မပြောတော့ဘူး။ (မှားမှာကြောက်လို့မဟုတ်ဘူးနော် မမှန်မှာစိုးလို့)။။။
ကဲ.. သူလည်း ဒီရွာမှာနေသွားတာပဲ။ လစ်သွားတာ သိပ်မကြာသေးဘူးဆိုပဲ။ ထားပါတော့… ဟောရဲ့နံရံမှာလည်းကြည့်ဦး။ ဒီရွာမှာနေပြီး အချိန်တန်တော့ ထွက်ခွာသွားကြတဲ့သူတွေကို ဓာတ်ပုံမှန်ဘောင်တွေနဲ့ စာတန်းတွေထိုးပြီး ဂုဏ်ပြုသလိုလို နှုတ်ဆက်သလိုလို ကြွားဝါသလိုလို လုပ်ပြီး ချိတ်ထားကြသေးတယ်။
ဘာတဲ့…. သောမက်အယ်ဒီဆင်တဲ့ နောက်တစ်ခုကတော့ ရိုက်ညီနောင် နောက်… ဂရေဟမ်ဘဲလ် နောက်ရေငုပ်သင်္ဘောတီထွင်ခဲ့တဲ့သူ ဘယ်သူ ရေးတော့ရေးထားတယ်။ စာတွေက နှစ်တွေကြာပြီဆိုတော့ မှုန်ဝါးဝါးဖြစ်နေလို့။ (အလကား ဒီတစ်ခါတော့ တစ်ကယ် မေ့တာ)
ထားပါတော့…… စသည်စသည်ဖြင့်ပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီရွာရဲ့ပုံရိပ်က ဘယ်လောက်ကြီးမားတယ် ဆိုတာ ခန့်မှန်းလို့ရလောက်ပြီပေါ့။ ဒါဆို ရှေ့ကအကြောင်းအရာလည်း တစ်ဖြည်းဖြည်းနားလည်လောက်ပြီ ထင်တယ်နော်။
အဲဒီအချိန်မှာပဲ မဖြစ်နိုင်ရွာရဲ့ ရွာသူကြီးဝင်လာတာကြောင့် ရုတ်စုရုတ်စုဖြစ်တာကနေ အုပ်စုအုပ်စု ဖြစ်သွားတယ်။ ရွာသူကြီးကလည်း ရွာသူကြီးသာဖြစ်နေတာ တစ်ကယ်တော့ သေးသေးလေး။ သေးတာမှ နပိုလီယံ တစ်ဝက်သာသာလောက်ကို သေးတာ။ ဒါပေမယ့် နပိုလီယံတော့မဟုတ်ဘူးနော်။ နပိုလီယံက ဒီရွာနဲ့ ဆန့်ကျင်ဘက်ပဲ။
ရွာသူကြီးဝင်လာပြီး ခဏကြာတော့ တစ်ခါမှမမြင်ဖူးတဲ့ လူလေးငါးယောက်က လိုက်ဝင်လာပြီး စင်ပေါ်တက်ကာ နေရာယူလိုက်တယ်။ အဲဒီသူစိမ်းတွေကို ကြည့်ပြီး ဒါသူတို့ရွာကို အသစ်ရောက်လာကြတဲ့သူတွေ ဆိုတာ မပြောပဲနဲ့သိလိုက်ကြတယ်။ အဲဒီထဲကမှ ထူးထူးဆန်းဆန်းပုံစံနဲ့ ကောင်လေးတစ်ယောက်ကို သူတို့ပိုပြီး သတိပြုမိလိုက်ကြတယ်။ အဲဒီကောင်လေးက မှုန်မှိုင်းတဲ့မျက်လုံးအစုံနဲ့…။ စိတ်ဓာတ်ကျနေတဲ့ပုံစံလည်းမဟုတ်ဘူး။ ဒါပေမယ့် စိတ်ဓာတ်တက်ကြွနေတဲ့ ပုံစံလည်းမဟုတ်ပြန်ဘူး။ ထူးထူးခြားခြားအားလုံးထက်သူကို အားလုံးကစိတ်ဝင်စားသွားတယ်။ အထူးသဖြင့် ဒီကောင်လေး ဘယ်လိုမျိုး မဖြစ်နိုင်တဲ့ကိစ္စကို စိတ်ကူးယဉ်မိလည်းပေါ့။
သူတို့အကဲခတ်နေစဉ်မှာပဲ ရွာလူကြီးက မိန့်ခွန်းတွေကို စပြောတယ်။ ထုံးစံအတိုင်းပဲပေါ့။ ရွာကြီးရဲ့သမိုင်းကြောင်း။ ဒီရွာကို သူဘယ်နှစ်ခုနှစ်က စတင်ပြီးရွာသူကြီးလုပ်ခဲ့တဲ့အကြောင်း၊ ခုဆို တော်တော်ကြာနေပြီဖြစ်ကြောင်း၊ ကြာမှာပေါ့…. သူ့ရဲ့မဖြစ်နိုင်တဲ့စိတ်ကူးက လုံးဝကိုမဖြစ်နိုင်တာ။
ကြုံလို့ပြောရဦးမယ် သူ့စိတ်ကူးကို။ ဒီနပိုလီယံ တစ်ဝက်လောက်တောင်မရှိလို့စင်ပေါ်မှာ ခုံအထပ်ထပ်ဆင့်ပြီးပြောနေရတဲ့သူက ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံး သူဖြစ်ချင်တာတဲ့။ 4နှစ်ကလေးအရွယ်ဆိုဖြစ်နိုင်ပါရဲ့။ ဒါပေမယ့်သူ့အသက်က အခုဆို 30ကျော်နေပြီဆိုတော့….။ ဟင်း…. မဖြစ်နိုင်ရွာရဲ့ခေါင်းဆောင်ဖြစ်နေတာ ဆန်းတော့မဆန်းပါဘူး။
ထားပါတော့…. ဆက်ပြောရဦးမယ်။ အဲဒီလူသေးသလောက်စကားများတဲ့ ရွာသူကြီးက သူ့ရဲ့အကြောင်းတွေလည်းပြီးရော ဒီအတောအတွင်း ရွာကထွက်သွားတဲ့ လူတွေအကြောင်းကို ဆက်ပြောတော့တာပဲ။ ဒါကလည်း သူမပြောလည်း သိပြီးသားတွေ။ မသိတဲ့သူတွေလည်း အခုအချိန်မှာ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံး စင်ပေါ်က မျက်ဝန်းမှုန်မှိုင်းမှိုင်းနဲ့ ကောင်လေးကို စိတ်ဝင်စားနေတာကိုး။ သူတို့စိတ်ထဲမှာ လောလောဆယ်ပြင်းပြင်းပြပြဖြစ်နေတာက ဒီကောင်လေးရဲ့ စိတ်ကူးပဲ။ ဒါ့ကြောင့် လူသစ်တွေနဲ့မိတ်ဆက်ပေးတဲ့အစီအစဉ်ကိုပဲ သူတို့စိတ်မရှည်စွာနဲ့ စောင့်ဆိုင်းနေရတာပေါ့။ နောက်ဆုံးတော့ သူတို့မျှော်လင့်ခဲ့တဲ့ အချိန်ရောက်လာပါတယ်။ ကောင်လေးက နောက်ဆုံးဖြစ်တာကြောင့် သူတို့ တော်တော်လေးတော့ စောင့်လိုက်ရတယ်။ အလှည့်ရောက်လာတော့ အားလုံးရဲ့စိတ်ဝင်စားမှုက အဆုံးစွန်ထိ ဖြစ်သွား ကြတာပေါ့။ အဲဒီမှာပဲ ရွာသူကြီးရဲ့ မေးခွန်းက ဖြေးဖြေးချင်း ထွက်လာတယ်။
“ အရင်ဆုံး နာမည်လေး အားလုံးကို ပြောပြပေးပါ…..”
ကောင်လေးက မျက်လုံးမှိုင်းမှိုင်းနဲ့ အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ရှေ့ကိုထွက်လာတယ်။ ရှေ့ကမေးခွန်း အားလုံးကို ကြားဖူးပြီးသားဖြစ်တော့ အဆင်သင့်ဖြစ်နေသလိုဖြစ်နေတယ်။ ရွာသားတွေကတော့ အပ်ကျသံတောင် မကြားရအောင်ကို တိတ်ဆိတ်လို့။ ကုန်ကုန်ပြောရရင် အသစ်ဝင်လာတဲ့အချင်းချင်းထဲမှာတောင် ကောင်လေးကို သိသိသာသာကြီး ငေးကြည့်နေကြတယ်။ သေချာတာက သူတို့လည်း ထူးဆန်းတာတွေထဲက ထူးဆန်းတဲ့စိတ်ကူး တစ်ခုကို မြင်တွေ့ချင်လို့ပဲ။
“ ကျွန်တော့် နာမည် ပုံပြင်ပါ…”
အားလုံးတီးတိုးတီးတိုးဖြစ်သွားကြတာပေါ့။ နောက်ပြီး ပွစိပွစိတွေလည်းဖြစ်ကုန်တယ်။ ကောင်လေးက သက်ပြင်း တစ်ချက်ချပြီးဆက်ပြောတယ်။
“ တစ်ကယ်တော့ ကျွန်တော့ဆုံးဖြတ်ချက်က မပီပြင်သေးပါဘူး ဒီမဖြစ်နိုင်ရွာကြီးကို လာဖို့ကိုပေါ့။ ဒါပေမယ့် ကျွန်တော် ဒီကိုရောက်မှန်းမသိ တစ်ဖြည်းဖြည်းရောက်လာခဲ့တယ်။ အထူးသဖြင့် ကျွန်တော်သူ့အကြောင်း စဉ်းစားမိတဲ့အခါမျိုး။ ကျွန်တော့်သူ့အကြောင်း ရေးသားမိတဲ့အခါမျိုးပေါ့..”
ကောင်လေးမျက်လုံးက ပိုပြီးမှောင်မည်းသွားတယ်။ အဲဒီမှာတင် လူအုပ်ထဲကလူတစ်ယောက်ရဲ့ အသံ ထွက်လာပါလေရော။
“ ဟေ့…..ကောင်လေး ဖြစ်နိုင်ရင် အကြောင်းအရာတွေကို မပြောပါနဲ့ အကြောင်းအရင်းကိုပဲ ခပ်မြန်မြန်လေး ပြောစမ်းပါ..”
“ ဟုတ်တယ်… ဟုတ်တယ်… မြန်မြန်လေးပြောပါ… ငါတို့မင်းရဲ့စိတ်ကူးကို သိချင်တယ်…..”
“ဟုတ်တယ်……..သိချင်တယ်……”
ဆက်တိုက်ဆိုသလို တစ်စွန်းတစကနေ ညီတူအသံတွေပါ ထွက်လာတာကြောင့် ကောင်လေး နည်းနည်းအံ့သြပြီး တွေဝေသလို ဖြစ်သွားတယ်။ တစ်ကယ်တမ်းကျတော့ သူစဉ်းစားမိသွားတာပါ။ ဘာကြောင့်လဲဆိုတော့ ကောင်လေးကိုယ်တိုင်ပြောခဲ့တဲ့ သူဆိုတဲ့ အကြောင်းလေ။
နည်းနည်းဆူဆူညံညံ အုတ်အုတ်ကျက်ကျက်ဖြစ်သွားတာ ကြောင့် ရွာသူကြီးလက်ထောင်ပြီး ရပ်ဖို့တားတယ်။ သိတဲ့အတိုင်း အရပ်ကပုနေတော့ ဘယ်သူမှမမြင်ဘူး။ ဒါပေမယ့် အသံတွေ အုပ်သွားပါတယ်။ အဲဒီတော့မှ ကောင်လေးက ခေါင်းတစ်ချက်ငြိမ့်ပြီး
“ ဟုတ်ကဲ့… ကျွန်တော် ဒါကိုပဲမျှော်လင့်တာပါ ဖြစ်နိုင်ရင်မတောင်းဆိုပဲနဲ့တောင် ကျွန်တော်ပြောပြဖို့စိတ်ကူး ရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ကူးယဉ်မှုက ကျွန်တော့်ဘက်က သေချာသလောက် အရာအားလုံးက မှုန်ဝါးဝါး ဖြစ်နေတာပဲ။ ဒ့ါကြောင့် ဒီရွာရဲ့မဖြစ်နိုင်တဲ့စိတ်ကူးယဉ်သူတွေအားလုံး ကျွန်တော့်စိတ်ကူးကို ၀ိုင်းဝန်း အဖြေရှာပေးဖို့ တောင်းဆိုချင်ပါတယ်…”
အားလုံးပိုပြီး တိတ်ဆိတ်သွားသည်။ အဓိပ္ပာယ်က အဖြေရှာမပေးချင်လို့မဟုတ်။ အကောင်းဆုံးတွေထွက်လာရန် အားလုံးအာရုံစုစည်းလိုက်ခြင်းသာ။ ကောင်လေးက အားလုံးကိုမကြည့်တော့ပဲ တစ်နေရာကို ငေးမောလိုက်တယ် နောက်မသိမသာ လှုပ်ခါနေတဲ့အသံတိုးတိုးနဲ့။
“ ကျွန်တော် ကောင်မလေးတစ်ယောက်ကိုချစ်တယ်…….”
မျှော်လင့်ထားသလို ထူးဆန်းနေတဲ့စကားတစ်ချို့တစ်ဝက်ကြောင့် အားလုံးအသက်မျှင်းမျှင်းရှူသံပဲ ကြားရတော့တယ်။ သေချာတာက သူတို့ထင်သလို ကောင်လေးစိတ်ကူးက သူတို့နဲ့မတူတာ သေချာနေပြီ။ မဖြစ်နိုင်တဲ့ စိတ်ကူးချင်းတောင်မှ လက်တွေ့ကျခြင်းလက်တွေ့မကျခြင်းဆိုတာရှိသလို အဲဒီလက်တွေ့ကျမကျ အထဲမှာမှေ၀၀ါးတာနဲ့ မေ၀၀ါးတာရှိသေးတာပဲ။ ကောင်လေးရဲ့စိတ်ကူးက ဘယ်လိုပါလဲ။ ခဏငြိမ်သက်သွားတဲ့ ကောင်လေးက ဆက်ပြီး……
“ ဒါကျွန်တော့်ဘက်က အသေအချာပဲ… ဒါပေမယ့်… သူ… ကျွန်တော့်ကို ပြန်ချစ်သလားမသေချာဘူး… တစ်ကယ်လို့သာ သူကျွန်တော်ကိုပြန်မချစ်ခဲ့ရင် ကျွန်တော်ဟာ မဖြစ်နိုင်တဲ့အရာကို စိတ်ကူးယဉ်သူတစ်ယောက်ပေါ့… ကျွန်တော် ဒ့ါကြောင့် ဒီကို တစ်ဖြည်းဖြည်းနဲ့ရောက်လာခဲ့တာ…..”
အားလုံးရဲ့ သက်ပြင်းတွေအချင်းချင်း ထိတွေ့ကုန်ကြတယ်။ တစ်ကယ်တော့ ရိုးရိုးလေးပဲ။ ဒါပေမယ့် ဒီကိစ္စက ဘောင်တစ်ခုထဲကို သွတ်သွင်းဖို့ ကျန်ရှိသေးတာ အားလုံးပဲ သတိမမူမိကြဘူး။ ဟုတ်တယ် ဒီကိစ္စသာ ပြဌာန်းလိုက်ရင် ဒီမဖြစ်နိုင်ရွာကြီးက တစ်ကမ္ဘာလုံး အနှံ့ကြီးထွားသွားလိမ့်မယ်။ ခုတော့ကောင်လေးကြောင့် သူတို့ စဉ်းစားမိသွားပြီ။ ဒါပေမယ့် ဘာပြန်ပြောရမလဲ အားလုံးက မသိကြတော့ဘူး။ မဖြစ်နိုင်တဲ့ စိတ်ကူးအကြီးကြီးကူးထားတဲ့ ရွာသူကြီးလဲ ပုသထက်ပုဝင်သွားတယ်။ တိတိကျကျပြောရရင် ငြိမ်သက်ခြင်းက တစ်မိနစ်တိတိ သွားကြာတယ်။ နှလုံးအတွက် ဆိုရင် အဲ့ဒါသေဆုံးဖို့အတွက် လုံလောက်တဲ့အချိန်ပဲ။ ဒါပေမယ့် သူတို့အားလုံးအသက်ဝင်လာပါတယ်။
“ ကျုပ်တစ်ခုလောက် ပြောချင်ပါတယ်… “
လက်ထောင်တဲ့လူတစ်ယောက် လူအုပ်ထဲက ထွက်လာတယ်။ ရွာသူကြီးက ကမန်းကတန်းပဲ လက်ထောင်ကာ ခွင့်ပြုလိုက်တယ်။ သူလည်းစိတ်စောနေပြီကိုး… ကြာရင်သူ့သိက္ခာနိမ့်နိမ့်က စင်အောက်ကို အသံတောင်မကြားရပဲ ပြုတ်ကျလိမ့်မယ်။ အဲဒီလူက လက်ကိုပြန်ရုတ်လိုက်တယ်။ နောက်လူအုပ်ထဲကပဲ……..
“ ကျုပ်အခုမှ အပြင်ကပြန်လာတာ…. အဲဒီကောင်လေးကိစ္စမပြောခင် သတင်းတစ်ခုကို အရင်ပြောချင်တယ်…. ဒီကနေ တော်တော်ဝေးတဲ့နိုင်ငံမှ ဟော်မုန်းကို အမျိုးမျိုးပြောင်းလဲလို့ရတဲ့ ဆေးနည်းတစ်မျိုးကို စမ်းသပ်အောင်မြင်သွားပြီတဲ့.. အဲဒီရဲ့အကျိုးသက်ရောက်မှုကတော့ အရမ်းဝလွန်းသူကို ချက်ချင်းပိန်သွားအောင် ပြုလုပ်ပေးနိုင်တယ်… ပိန်လွန်းသူကို လည်း ချက်ချင်းပဲ ရက်ပိုင်းတွင်းဝအောင် ပြုလုပ်ပေးနိုင်တယ်…. အဲ အရပ်ရှည်တဲ့သူကို ပုသွားအောင် လုပ်မပေးနိုင်ပေမယ့် ပုတဲ့သူကိုတော့ ရက်ပိုင်းလပိုင်းအတွင်း ရှည်သွားအောင် ဘယ်အသက်အရွယ်မဆို ပြုလုပ်ပေးနိုင်တယ်တဲ့…”
ဘာ………………..
ဘာပြောကောင်းမလဲ စကားတောင်မဆုံးသေးဘူး။ အသံနက်ကြီးနဲ့အော်ဟစ်ပြီး မတ်ခနဲဖြစ်သွားသူက ရွာသူကြီး။ ရှိနေတဲ့အရပ်လေးတောင် လက်မ၀က်လောက် ဆန့်ထွက်သွားသလိုပဲ။
“ ဘာ… ပြောတယ်… မင်း… မင်းပြောတာအမှန်ပဲလား….”
လူအုပ်ထဲက လူကခေါင်းညိမ့်တယ်။ မြင်တော့ မမြင်ရပါဘူး။ ဒါပေမယ့် ညိမ့်တယ်လို့ပဲ အားလုံးက ယူဆလိုက်တယ်။ ဘာလို့လဲဆိုတော့ ရွာလူကြီးကပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကိုး…။
“ ဟာ… ဒါ… ဒါဆို….. ငါ့…ငါ့ရဲ့..စိတ်ကူး……”
ရွာသူကြီး အသံထပ်မထွက်လာတော့ဘူး။ လူပဲထွက်သွားတာ လှိမ့်ခနဲပဲ။ တိုနေတဲ့ခြေထောက်လေးတောင် မမြင်ရတော့ဘူး။ ဒါပေမယ့် အားလုံးပဲ နားလည်လိုက်ပါတယ်။ သူတို့ဆိုရင်လည်း ဒီလိုပဲဖြစ်မှာပဲ။ စစချင်းကတည်းက ပြောသားပဲ သူတို့က ဒီရွာမှာနေချင်လို့ နေနေကြတာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ ဒီဟောခန်းမှာ နောက်ထပ်အမည်စာရင်းတစ်ခု တိုးလာတော့မှာသေချာပြီပေါ့။ ခဏကြာတော့ လူအုပ်ထဲက လူက စကားပြန်စတယ်။ ဒီတော့မှ အားလုံးလည်း ကောင်လေးကိစ္စကို ပြန်ပြီး အာရုံရောက်မိကြတယ်။
“ ကျုပ်ပြောချင်တာ အဲဒါပဲ ဒီမဖြစ်နိုင်ရွာကြီးမှာရှိတဲ့ စိတ်ကူးယဉ်သူအားလုံးမှာ တူညီချက်တစ်ခုရှိကြတယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်စိတ်ကူးတွေဖြစ်ဖြစ် စိတ်ကူးတွေကို ကိုယ့်ဘာသာကိုယ်ပဲဖန်တီးကြတယ်။ ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ကြတယ်။ နောက်ဆုံး ကိုယ့်ဘာသာကိုယ်ပဲ ကိုယ့်စိတ်ကူးတွေကို ဖြစ်မြောက်အောင် လုပ်သွားကြတယ်။ ဘယ်သူ့ပယောဂမှမပါသလို ဘယ်သူ့ဆုံးဖြတ်ချက်မှလည်း မပါဘူး။ မဖြစ်နိုင်တဲ့သူချင်း ဆက်နွယ်မှုတစ်ခုတော့ ရှိတာပေါ့လေ.. ဒါ့ကြောင့်လည်း ကျွန်တော်တို့ဒီလို နေထိုင်နိုင်တော့ပေါ့။ ပြီးတော့ ဒီလိုလည်း ထွက်သွားနိုင်တာပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီကောင်လေးရဲ့ကိစ္စကို အားလုံးစဉ်းစားပေးနိုင်ကြလိမ့်မယ်ထင်တယ်….”
အားလုံးမဖြေနိုင်ကြဘူး…။
ကောင်လေးလည်း အခုမှ စိတ်ဝင်တစားနဲ့ အသံလာရာကိုစူးစမ်းတယ်။ အခုထက်ထိ အသံရှင်ကို မမြင်ရသေးဘူး။ ပြောရရင် လက်ထောင်တာကလွဲလို့ ဘယ်သူမှ အသံရှင်ကို မမြင်ရဘူး။ အသံကလည်းဟိုနေရာလို ဒီနေရာလို ကိုယ့်ဘေးနားကလိုလို ထွက်ပေါ်နေတာ။
“ ခင်ဗျားကဘယ်သူလဲ…. ခင်ဗျားပြောသလိုဆို ဘယ်သူ့ပယောဂမှမပါပဲနဲ့ ကျွန်တော်သူ့ကိုချစ်တယ်.. ဒါပေမယ့် ဘာဖြစ်လို့ ခင်ဗျားတို့လို မသေချာနိုင်ရတာလဲ.. ဘယ်ကိစ္စကေ၀၀ါးနေတာလဲ… ဒါကျွန်တော့်ဘက်က မဟုတ်တာတော့ သေချာတယ်…”
“ ဟုတ်ပါတယ်.. ငါတို့အားလုံးလဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် သေချာနေတာပဲ။ ဒါပေမယ့် ဒီကိစ္စကတော့ မင်းရဲ့စိတ်ကူး သက်သက်ဖြစ်နေတယ်။ ပြောရရင် တစ်ခြားသူရဲ့ပယောဂမပါပေမယ့် ဆုံးဖြတ်ချက်တွေပါဝင်နေတယ်။ ဒါကမင်းနဲ့ ငါတို့ရဲကွာခြားချက်ပဲ…”
“ ဘယ်လိုဆုံးဖြတ်ချက်လဲ……”
မှုန်မှိုင်းနေတဲ့မျက်ဝန်းတွေ လှဲကျင်းလိုက်သလို ဖြစ်လာပြီး ကောင်လေးရှေ့တစ်လှမ်းတိုးလိုက်တယ်။
“ မင်းကို ဒီမဖြစ်နိုင်ရွာသားတစ်ယောက် ဖြစ်လာမဖြစ်လာကိုပေါ့……”
“ ကျွန်တော်အခုဒီရောက်နေပြီမဟုတ်လား… ဘာကထပ်ပြီး လိုအပ်နေသေးလို့လဲ…..”
အလျှင်လိုတဲ့မေးခွန်းကို အသံရှင်က တည်တည်ငြိမ်ငြိမ်ပဲ
“ ဒီမှာကောင်လေး……. စိတ်ကူးယဉ်ရုံနဲ့ ဒီရွာကို ရောက်ဖို့ဆိုရင် မင်းစိတ်စောတာထက်ပိုပြီး အကောင်းမမြင်တတ်တဲ့ လူဖြစ်သွားလိမ့်မယ်။ ပြီးတော့ငါတို့အားလုံးကလည်း အဲဒီလောက် အကျိုးအကြောင်း မခိုင်လုံသူတွေ မဟုတ်ဘူးကွ။ ဒီတော့ကွာ… မင်းနားလည်အောင်ပဲ မေးလိုက်မယ်။ မင်းက ကောင်မလေး တစ်ယောက်ချစ်တယ်.. အဲဒါနဲ့ ပတ်သက်ပြီး အဲဒီကောင်မလေးရဲ့သဘောထားကို မင်းသိရပြီလား….”
ဒီတစ်ခါတိတ်ဆိတ်သွားသူက ကောင်လေးဖြစ်သွားတယ်။ ဟုတ်တယ် သူမဖြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူအဲတာကိုမှ သေချာအောင် မလုပ်ခဲ့တာ။ ဒါနဲ့များ သူဒီကို တစ်ဖြည်းဖြည်းနဲ့ရောက်ခဲ့သေးတယ်။
“ ဒါဆို………….”
“ ဆန္ဒမစောနဲ့ဦးကောင်လေး…. မင်းကို ဒီမဖြစ်နိုင်ရွာသားမဟုတ်ဘူးလို့ တစ်ခွန်းမှ မပြောမိသေးဘူး။ အခန့်မသင့်ရင် မင်းက ဒီရွာသားမကဘူး တစ်သက်လုံးလုပ်ရမယ့် ရွာသူကြီးပါ ဖြစ်သွားနိုင်တယ်။ အခုမင်းက မျဉ်းကြောင်းတစ်ကြောင်း ပေါ်မှာပဲ…”
အားလုံးကမတိုင်ပင်ပဲ လစ်လပ်သွားတဲ့ သူကြီးနေရာကို ကြည့်ကြတယ်…
ကောင်လေးငိုင်ကျသွားတယ် ဒါပေမယ့် စိတ်ပျက်လက်ပျက်နဲ့ ငိုင်ကျသွားတာမျိုးမဟုတ်ဘူး။ မျှော်လင့်ချက်တစ်ခုကို စဉ်းစားရင်းငိုင်ကျသွားတာ။ ခဏကြာမှ သူဘာလုပ်ရမလဲ သိသွားတယ်။ လူအုပ်ထဲကို ဝေ့ကြည့်လိုက်တော့ ခုနက မမြင်ရတဲ့ အသံရှင်ကလည်း အခုလည်း မမြင်ရပါဘူး။ ဒါ့ကြောင့်ခြေလှမ်းတွေကိုပဲ သူရွှေ့လိုက်တယ်။ ဖြည်းဖြည်းချင်း နောက်မြန်မြန်ဆန်ဆန်ပေါ့။
အားလုံးက ငြိမ်လည်းမငြိမ်ကြဘူး။ ဆုလည်းမတောင်းပေးကြဘူး။ ဒီလိုနဲ့…. ကောင်လေးနှုတ်ကပဲ….
ကောင်မလေးရေ မင်းကြားတဲ့အတိုင်းပဲ…..။ ငါဟာမျဉ်းတစ်ကြောင်းပေါ်မှာပါ…။ မင်းရဲ့ဆုံးဖြတ်ချက်က ငါရွာသူကြီးတစ်ယောက် ဖြစ်သွားနိုင်တယ်ဆိုရင် မင်းရယ်မှာလား…။ ငါကတော့ မရောက်ချင်ပေမယ့် သွားရရင်လည်း ပျော်မှာပဲ….။ မဖြစ်နိုင်ရွာမှာ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ရင်းနဲ့ပေါ့….။ အဲဒီအဖြေအတွက် ငါအရောက်လာခဲ့မယ်…. မျဉ်းကြောင်းပေါ်က ငါ့ကို မင်းရဲ့စကားတစ်ခွန်းနဲ့ လုပ်ချင်ရာလုပ်လိုက်ပါ…..။
ငါကတော့……….လေ……..
နေကောင်းကင်နီ(ပုံပြင်)
http://sunredsky.blogspot.com/
ရှက်ဖွယ်အစစ်
Posted: 16 Aug 2013 06:37 AM PDT
ကောင်းမှူကို အကောင်းထင်နေခြင်းသည် စင်စစ် ၀က်က မစင်ကို အကောင်းထင်နေ နည်းမျိုးဖြစ်သည် ။ ၀က်အမြင်ဖြင့်ကြည့်လျင် မစင်သည်အလွန်နှစ်သက်စရာ ထင်နေရသော်လည်း လူအမြင်ဖြင့်ကြည့်လျင် ရွံစရာဖြစ်နေ၏။ ထို့အတူ သာမန်လူသားတို့ အကောင်းထင်နေကြသော ကာမဂုဏ်တို့မှာလည်း အရိယာတို့၏အမြင်မှာ မစင်တုံးဖြစ်နေ၏။ ဤသို့ အသိညာဏ်အားလျော်စွာ
အောက်အောက်လူတို့အမြင်နှင့် အထက်ထက်လူတို့အမြင်သည် ကွာခြားနေ၏။
ထို့ကြောင့် “ဒုစရိုက်ဆိုတာ ငါထင်သလိုမကောင်းပါကလား၊ မကောင်းမှုကြောင့်ရရှိမည့် မကောင်းကျိုးကို ငါမလိုချင် ၊ မကောင်းမှုကို ငါဘယ်တော့မှ မပြု” ဟူသောခံယူချက်ရှိပြီးသူသည် မကောင်းမှူကို မည်သည့်အခါမျှ အရှုံးမပေးရစေရန် ရှက် … ကြောက်စိတ်ရှိလာအောင်
အလေ့အလာပြုရမည်။
မကောင်းမှုကို နတ်သုဒ္ဒါဟု ထင်နေသမျှကာလပတ်လုံး ထိုသူသည် ရှက်တတ် ကြောက်တတ်သူမဖြစ်နိုင် ။ ထို့ကြောင့် မကောင်းမှူအပေါ်၌ မူလကထားရှိခဲ့သော သဘောထားအမြင်ကို ပြောင်းပစ်တတ်ရန်လိုသည် ။ အရိယာတို့၏ အမြင်နည်းမျိုးဖြင့် မြင်တတ်ရန်လိုသည် ။
ထမင်းကို မြိန်ရည်ရှက်ရည်စားနေတုန်းတွင် ထမင်းအပေါ်၌ ခုံမင်နှစ်သက်ဖွယ်အမြင်ဖြင့် တွေ့ရမည် ။ ၎င်းထမင်းကို မစင်အဖြစ်ဖြင့်တွေ့ရသောအခါတွင်ကား မူလအမြင်ပြောင်းပြီး ရွံစရာထင်ကြတော့သည် ။ ထို့ကြောင့် မစင်ကို စားဖို့မပြောနှင့် ကိုင်ရမှာပင် အလွန်ရှက်လှပေလိမ့်မယ် ။ ဤသို့လျှင် မကောင်းမှူမှန်သမျှသည် သူတော်စင်တို့၏ အမြင်တွင် တကယ်စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေသောကြောင့် လူသူအမြင်မတော်သည့် ရှက်ဖွယ်အစစ်ပင်မဟုတ်ပါလော ။
( မြတ်က၀ိန် ဦးကောဝိဓဇာဘိဝံသ ၏ သစ္စာတမန် မှ)
သံဝေဂ ၈-ပါး
Posted: 16 Aug 2013 04:41 AM PDT
သံဝေဂ ၈-ပါး
၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိချေ၏တကား။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။
၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။
၎။ ၀ိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။
၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။
၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။
၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။
တောင်ပေါ်အလွမ်း
Posted: 16 Aug 2013 04:28 AM PDT
ပြန်ဆုံပါရစေ …သူငယ်ချင်း
တဒဂ်ဆိုတဲ့ …အချိန်ကလေးမှာ …
ကံမကုန် … ပြန်ဆုံခဲ့ရင် …
တွေ့ဆုံကြုံကွဲ … ဖြစ်မြဲဓမ္မတာ …
ခွဲရပါလဲ … နှောင်အခါတစ်နေ့ …
ပြန်ဆုံတွေ့ …သော်
ပြုံးပျော်ရွှင်လန်း …
အောင်ပန်းကိုယ်စီ …
အောင်မြင်ပြီ …ဟေ့
အောင်မြင်ပြီ … ဟေ့လို့
ကြွေးကြော် …ရင်းသာ …
ပြန်ဆုံပါရစေ … သူငယ်ချင်းတို့ရေ …
ပြန်လာခဲ့မယ် …တစ်နေ့မှာ …
တို့ချစ်တဲ့ တောင်ပေါ်ဒေသလေးကို …
ခုနေများတော့ လွမ်းလျှက်သာ …
အသည်း …တံခါး …
ဖွင့်ဟကာ ထား …
အရှုံးသမား …
အပြုံးများနဲ့ …
ဒို့ ...နှလုံးသားပေးဆပ်ဖို့ …
ပြန်လာခဲ့မယ် …တောင်ပေါ်ဒေသလေးဆီကို …
လိုတရမြှားနတ်မောင်သို့............
Posted: 16 Aug 2013 03:52 AM PDT
မကြုံစဖူး အကြုံထူးခဲ့
ချစ်သူတို့ရဲ့ VALENTINE'S တဲ့
ပျော်ကြ ရွှင်ကြ ချစ်တတ်ကြတဲ့
ချစ်သူတွေကို အံ့သြပါရဲ့
င့ါမှတော့ဖြင့်
မျက်စိသူငယ် နားသူငယ်နဲ့
ဟိုလူပြောသွား ဒီလူပြောသွား
ကြားမိတာလဲ
ဒီ VALENTINE'S ပဲ
ချစ်သူမရှိ
ရည်းစားမသိ
င့ါစိတ်ကတော့ ဗလာနတ္ထိ
တွေးလေ တွေးလေ ခံစားရလေ
မကျေနပ်လေ ရင်ဖွင့်လေ
မြှားနတ်မောင်ရေ..............
င့ါအတွက်ရည်းစားရှာပေး
အော ဟစ်လိုက်မယ်.....................
တော်လှန်သူ
Posted: 16 Aug 2013 03:43 AM PDT
တစ်ခါကပေါ့ဗျာ.......သမိုင်းဆရာမတစ်ယောက်ကသူကျောင်းသားတွေကိုစာမေးနေတယ်ဗျ
ဆရာမ။ ။တပည့်တို့  မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်ကြီးက ဘယ်သူလဲ?
တပည့်များ။ ။ဗိုလ်ချုပ်အောင်ဆန်းပါ ဆရာမ........
ဆရာမ။ ။ ဂျပန်တွေကိုတိုက်ထုတ်ခဲ့တာကရော
ကျောင်းသားအားလုံးငြိမ်သွားပါတယ် ပြီးမှ ကျောင်းသားတစ်ယောက်က မရဲတရဲနဲ့ဖြေလိုက်တယ်
ကျောင်းသားတစ်ဦး။ ။ သီဟတင်စိုးပါ ဆရာမ
မြန်မာစာအတုံးလေးတွေပေါ်တဲ့ပြတ်သနာမတတ်အောင်တာလေးယူထား
Posted: 16 Aug 2013 03:30 AM PDT
မြန်မာစာ အင်စတောနဲ့ ပတ်သက်ရင် ဒါလေးက အတော်လေးအဆင်ပြေပါတယ်
ဒီဟာလေးကတော့ ဘယ်မှာပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး အင်စတောလုပ်ပြီးရင်လည်း
Restart ပြန်ချစရာ မလိုပါဘူး အခုတလော ကွန်ပျုတာတွေ ၀င်းဒိုးပြန်တင်ပေးရင်းနဲ့ 
64 bit နဲ့ 32 bit နှစ်ခုလုံးမှာ အဆင်ပြေပါတယ် အတုံးတွေလည်း မပေါ်ဘူး မြင်ရပြီး
ရေးမရတာလည်း မဖြစ်ပါ ။ ရေးရပြီး ပို့ လိုက်ရင် အတုံးလေး ပေါ်တာလည်း မဖြစ်ပါ
အားလုံး အဆင်ပြေပါတယ် လုပ်နည်းလွယ်လို့  ပြဿနာတက်ခဲ့ရင် စမ်းကြည့်......။
(၁) ဒေါင်းလုပ်ယူထားတဲ့ဖိုင်ကို Extract Here နဲ့ ဖြေလိုက်ပါ။ ဖိုင်နှစ်ခု ထွက်လာမယ်
Zawgyi font ဆိုတဲ့ဖိုင်ထဲက zawgyi2007.tif ကို Copy ယူ ၊ Control panel ထဲက
Fonts ဆိုတဲ့ Folder ထဲမှာ Paste ချလိုက် အဲ့ဆိုရင် မော်ဇီလာနဲ့  မြန်မာဝက်ဆိုဒ်ကို
ကြည့်လို့ ရပါပြီ ။ ရေးလို့ ရဖို့ အတွက် အောက်ပါနည်းအတိုင်းဆက်လုပ်ပါ.............။
(၂) Zawgyi keyboard ဆိုတဲ့ Folderလေးထဲက Setup ဖိုင်လေးကို Run ပေးလိုက်
ဟိုးအောက်းနားလေး နာရီပေါ်တဲ့ထောင့်မှာ keyboard ပုံလေးတက်လာပါလိမ့်မယ်
အဲ့ဆိုရင် ဖလမ်းဖလမ်း ထလို့ ရပြီး ၁၀၀% အဆင်ပြေနေပါကြောင်း..................။
သုံးချင်ရင် ဒီမှာယူ - http://www.mediafire.com/အကောင်းဆုံး ဇော်ဂျီဖောင့်
(ဂျွန်ဖြိုး)
This posting includes an audio/video/photo media file: Download Now
နှုတ်ဆက်တဲ့နေ့
Posted: 16 Aug 2013 12:59 AM PDT
အဲ့ဒီနေ့ကနှုတ်မဆက်ချင်ပေမယ့်လည်း
သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့နေရာတစ်ခုကို
လက်ပြခဲ့ရတယ်။
ရင်တလှိုက်လှိုက်ခုန်စေတဲ့ စည်တော်ဟိန်းသံရဲ့အဆုံးမှာ…..
တရွေ့ရွေ့လှမ်းလာတဲ့ခြေလှမ်းတွေရဲ့အဆုံးမှာ…..
‘မောင်တို့မယ်တို့ဟာ’လို့အစချီတဲ့ မိန့်ခွန်းသံရဲ့အဆုံးမှာ…….
ငါတို့ဟာဒီနေရာနဲ့မသက်ဆိုင်တော့ဘူးဆိုတဲ့အသိက
အရာရာကိုအေးခဲသွားစေလာက်တယ်။
ဒီလမ်းပေါ်ကိုစိန်ပန်းတွေကြွေတဲ့အချိန်ကပဲ
ငါတို့ရောက်လာခဲ့ကြပြီး
ဒီလမ်းပေါ်ကိုစိန်ပန်းတွေကြွေတဲ့အချိန်မှာပဲ
ပြန်လည်ထွက်ခွာခဲ့ရတယ်။
အမှတ်တရရိုက်တဲ့ဓါတ်ပုံတွေ
တဖွဖွမှာကြားနေတဲ့ဆုံးမစကားတွေ
အချင်းချင်းနှုတ်ဆက်နေကြတဲ့အပြုံးတွေ
ဒါနောက်ဆုံးပဲဆိုတာ ငါတို့သိနေကြတယ်။
တကယ်တမ်းတော့ ဒီနေ့ဟာ
ဘွဲ့နှင်းသဘင်ဆိုတဲ့ဂုဏ်သရေရှိခေါင်းစဉ်တစ်ခုရဲ့အောက်
ဒီနေရာနဲ့မသက်ဆိုင်တော့တဲ့သူတွေအဖြစ်ကို
လှလှပပကန့်သတ်ခြင်းခံလိုက်ရတဲ့ နေ့တစ်နေ့ပါပဲလေ။
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment