Tuesday, June 18, 2013

International news for myanmar: ဂျက်ကီးချန်းသည် တစ်ချိန်က ဆင်ဆာမဲ့ရုပ်ရှင်မှ မင်းသ...

International news for myanmar: ဂျက်ကီးချန်းသည် တစ်ချိန်က ဆင်ဆာမဲ့ရုပ်ရှင်မှ မင်းသ...:
၁၉၇၅ ခုနှစ်က All in the Family အမည်ရ ဟောင်ကောင် Comedy film တစ်ခု ထွက်ရှိပါတယ်။ Comedy လို့တပ်ပေမယ့် ယင်းရုပ်ရှင်ဟာ ဆင်ဆာမဲ့ ရုပ်ရှင် (Porn Movie) လို့ လူတိုင်းသိခဲ့ပါတယ်။


အဲ့တုန်းက ဂျက်ကီချန်းဟာ အသက် ၂၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ အနုပညာ လောကမှာ နာမည်သိပ်မရသေးတော့ Porn movie မှာ ပါဝင်သရုပ် ဆောင်ဖို့ လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းနဲ့ ပက်သက်လို့ ဂျက်ကီးချန်းက အင်တာဗျူးမှာ ယခုလို ဖြေကြားခဲ့ပါသေးတယ်။

"ဟောင်ကောင်မှာ အဲ့ဒီအချိန်တုန်းက ခေတ်အစားဆုံးက Porn movie ပဲဗျ။ မင်းသား တစ်ယောက်ဖြစ်ဖို့ဆိုတာ ရွေးနေလို့ မရဘူးလေ။ Marlon Brando လို့ မင်းသားတစ်ယောက်လုံး ပါလို့ နာမည်ကြီးမယ့် Porn ဖြစ်ရင်တောင် ကျွန်တော်ဒါကို အလေးထားမှာမဟုတ်ဘူး။ ဒီအတွက် ကျွန်တော် နောင်တ လုံးဝမရပါဘူး"

ဂျက်ကီးချန်းအနေနဲ့ ရုပ်ရှင်လောကရောက်လာဖို့ ကြိုးပမ်းရာမှာ ယင်း Porn movie ကလည်း အထောက်အပံ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင် ရုပ်ရှင် လောကမှာ အခြေခံဆုံးဘဝက စလို့ ကြိုးစားလာရာ ယနေ့ အချိန်မှာ ကမ္ဘာကျော် ကွန်ဖူးမင်းသားလို့ လူသိများစေခဲ့ပါတယ်။

ဂျက်ကီးချန်းပါဝင်တဲ့ All in the Family ရုပ်ရှင်အကြောင်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။

No comments:

Post a Comment

One Young World 2016 Summit Highlights