NETGATE Spy Emergency 12.0.305.0 Full Version
NETGATE Spy Energency ဆိုတာ အင်တာနက်သုံးနေသူတေအတွက်
တော်တော်လေးသင့်တော်တဲ့ Antivirus ပရိုဂရမ်တစ်ခုဖြစ်ပါတယ်
အမြဲတမ်းသုံးလာတဲ့ အခြားသော Antivirus ရှိထားရင်တော့ မလိုအပ်ပါဘူး
ဒီဆော့ဝဲလေးက အသုံးပြုသူရဲ့ကွန်ပျူတာကို ဗိုင်းရပ်အမျိုးမျိုးရဲ့ရန်ကနေ
ကာကွယ်တိုက်ထုတ်ပေးနိုင်တဲ့အပြင် အင်တာနက်အသုံးပြုရင်း အမှတ်မထင် တွယ်ကပ်လာတဲ့ Malware တွေ Adware တွေ Keylogger တွေကို ထောက်လှမ်းတားကာကွယ် ဖယ်ရှားပေးပါတယ်

Jun182013
Microsoft .Net Framework 4.5 ( 32bit and 64bit)
.Net Framework ဆိုတာ ၀င်းဒိုးပရိုဂရမ်တွေ လည်ပတ်တဲ့နေရာမှာ
အရေးပါတဲ့ ပရိုဂရမ်ပတ်လမ်းတွေရဲ့ ထိန်းကျောင်းလမ်းညွှန်မှုဇုံဖြစ်ပါတယ်
ပရိုဂရမ်တွေရဲ့ အနိမ့်အမြင့်ပြောင်းလဲမှုနဲ့ စနစ်ရဲ့ လုံခြုံရေးဆိုင်ရာ Command တွေကြောင့် ကွန်ပျူတာတွေထဲမှာ .net framework ဗားရှင်းအမျိုးမျိုး လိုအပ်လာပါတယ်
လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်အထိ ဒီပြဿနာရဲ့ အရိုက်အခတ် သိပ်မရှိခဲ့ပေမယ့် ဒီနေ့ခေတ် ထွက်ပေါ်လာတဲ့
အသစ်အသစ်သော ဆော့ဝဲတွေမှာတော့ .net framework ရဲ့ ဗားရှင်းအနိမ့်အမြင့်ဆိုင်ရာ ပြဿနာဟာ တော်တော်လေး သိသာထင်ရှားတဲ့ ကောင်းကျိုးဆိုးကျိုးတွေအဖြစ် ကြုံတွေ့လာရပြီ ဖြစ်ပါတယ်

Jun172013
နည်းပညာလေ့လာသူများ သတိထားရမယ့် pdf virus အန္တရာယ်
ဒီပို့စ်ကတော့ ကျွန်တော် တော်တော်ညံ့ခဲ့ကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်ပို့စ်ပါ
ကျွန်တော်က နည်းပညာပိုင်းကို တော်တော်လေး အားသန်တဲ့အလျောက် အွန်လိုင်းပေါ်က
နည်းပညာနဲ့ပတ်သက်တဲ့ မြန်မာဝက်ဆိုဒ်တွေ
နိုင်ငံခြားဝက်ဆိုဒ်တွေထဲမှာပဲ အချိန်ကုန်နေလေ့
ရှိတဲ့လူတစ်ယောက်ပါ
အဲဒီလို နည်းပညာဆိုဒ်တွေကနေ ဆော့ဝဲလေးတွေရလာတဲ့အခါ စမ်းသုံးကြည့်တယ်
အဆင်လည်းပြေ အသုံးလည်းဝင် Virus အန္တရယ်လည်းကင်းတယ်ဆိုတာသေချာရင် တခြားသူတွေရောသုံးဖို့ ကျွန်တော့်ဘလော့မှာ ပြန်တင်ပြီး
Jun162013
Blog Post နဲ့တွဲတင်တဲ့ Thumbnail လေးတွေကို ယိမ်းကခိုင်းမယ်

လောလောဆည် ကျွန်တော့်ဘလော့မှာ သုံးထားပါတယ်
Website တွေမှာသုံးတဲ့ကုဒ်တွေကို အကြံအဖန်လုပ်ထားတာပါ
ဘလော့ပို့စ်တွေနဲ့အတူတွဲတင်လိုက်တဲ့ ပုံလေးတွေကို ဘယ်ညာလှုပ်ရှားနေစေမယ့် နည်းလမ်းလေးပါ
အရင်ဆုံး Blogger ကို Log in ၀င်လိုက်ပါ
Dashboard ကနေ Template ကိုသွားပါ
Template ကို Edit လုပ်မှာမို့ အမှားအယွင်းအတွက် Backup Template လုပ်ထားပါ
Jun162013
CCProxy 7.3 Build 20130611 Full Version
CCproxy သုံးတဲ့ သူငယ်ချင်းတွေအတွက် Update ဗားရှင်းလေး ရလာလို့ တင်ပေးလိုက်ပါတယ်
Full Version အဖြစ် အသုံးပြုနိုင်အောင် Keymaker လေးပါ ထည့်ပေးထားပါတယ်
Connection Network တစ်ခုအတွင်းမှာ အတူတူသုံးနေတဲ့ စက်တစ်လုံးနဲ့တစ်လုံး ကူးသန်း ဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ ဆော့ဝဲလေးပါ
နမူနာသုံးပြချင်ပေမယ့် ကျွန်တော်သုံးနေရတဲ့ Network Type နဲ့ အဆင်မပြေတာကြောင့် သုံးတတ်တဲ့သူငယ်ချင်းတွေအတွက်ပဲ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်
Jun162013
Blog ကို Submit လုပ်ခြင်း အကြောင်း

Blogger နောင်တော်ကြီးတွေအတွက်မဟုတ်ပဲ ဘလော့ရေးစသူငယ်ချင်းတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်
ကျွန်တော်တို့ဟာ ဘလော့တစ်ခုကို ရေးသားပြီဆိုရင် အချိန်တော်တော်ကြာကြာထိ အလေးမထားမိတဲ့ကိစ္စဟာ အခုပြောမယ့် ကိုယ့်ဘလော့ကို Submit လုပ်ခြင်းကိစ္စပါ ..
Submit လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ဘလော့ရှိနေကြောင်း Google လို Search Engine တွေကို အသိပေးတာ .. တင်ပြတာ လို့ အလွယ်ပြောနိုင်ပါတယ်
အဲဒီလို Submit မလုပ်ထားမိတဲ့ ဘလော့တစ်ခု Website တစ်ခုဟာ Search Result မှာ နောက်ကျမှ ရှာဖွေတွေ့ရှိခြင်းခံရမှာ ဖြစ်ပါတယ်
တစ်ခါတစ်ခါတော့ ကိုယ့်ဘလော့ကိုယ် google မှာ ရိုက်ရှာတာတောင် Error Link တွေ ထုတ်ပေးတတ်ပြန်ပါသေးတယ်
Jun162013
PC Cleaner Pro 2013 11.0.13.6.14 Full Version
PC Cleaner Pro ဆိုတဲ့ဆော့ဝဲလေး Update Version ရလာလို့ တင်ပေးလိုက်ပါတယ်
ဗားရှင်း 2013 11.0.13.6.14 ပါFull Version အဖြစ် အသုံးပြုနိုင်အောင် Keygen ဖိုင်ထည့်ပေးထားပါတယ်
ဆော့ဝဲကို Install မလုပ်ခင် အင်တာနက်ကွန်နက်ရှင်ကို ပိတ်ပေးထားရပါမယ်
ပြီးရင် ဆော့ဝဲကို Install လုပ်ပါ
ပရိုဂရမ်ကို Run လိုက်တာနဲ့ Full Version မဖြစ်သေးတဲ့အတွက် ဘယ်ဖက်အောက်ဒေါင့်နားမှာ
Register ဆိုတဲ့ Button လေးပေါ်နေပါမယ်

No comments:
Post a Comment