ဝေဟင်ခရီးနှင်ကြသူများ၏ ကြမ္မာ
..........................မင်းမျိုး၊ သဇင်ဦး
အချိန်က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်။ ဦးသက်ထွန်း (အမည်လွှဲ) တစ်ယောက် သမီးဖြစ်သူ နေထိုင်သော အရပ်သို့သွားရန် စီးနင်းရမည့် လေယာဉ်ပေါ်တွင်
နေရာယူပြီး ဖြစ်သည်။ နှစ်နာရီနီးပါး ကြာသွားရမည့်ခရီး။
ဒင်ဒေါင်ဆိုသော အသံနှင့်အတူ ခရီးသည်များ ခါးပတ်ပတ်ရန်နှင့် ခုံများတွင် စနစ်တကျထိုင်ရန် အသံလွှင့်စက်မှ သတိပေးချက် ထွက်ပေါ်လာသည်။ တလှုပ်လှုပ် တခါခါ ယိမ်းလျက် ခန္ဓာကိုယ်ကို ပင့်မြှောက်လိုက်သလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် အနည်းငယ် မိုက်ခနဲ ဖြစ်သွားသည်။
သိမ့်ခနဲဖြစ်ပြီး ငြိမ်သက်သွားသည်နှင့် ဒုတိယအကြိမ် ဒင်ဒေါင်ဆိုသော အသံ ပြန်ပေါ်လာသဖြင့် စိတ်ချလက်ချ ဖြစ်သွားသူ ဦးသက်ထွန်းသည် အရေးပေါ် ကိစ္စရပ်များ ဖြစ်ပါက လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်စာအုပ်ကို လေ့လာကြည့်ရှု နေလိုက်သည်။
‘ဖျတ်ဖျတ်ဖျတ်’အသံနှင့်အတူ မီးခိုးများ ညှော်နံ့များ မလှမ်းမကမ်းမှ ထွက်လာသကဲ့သို့ ခရီးသွားများထံမှ“ဝါယာရှော့
အထက်ပါ အဖြစ်အပျက်များသည် ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်-စစ်တွေ ခရီးစဉ် ထွက်ခွာမည့် Air Mandalay လေယာဉ်ပေါ်တွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေသို့ ထွက်ခွာမည့် Air Mandalay လေကြောင်းလိုင်းမှ ခရီးသည် တင်လေယာဉ်သည်
ကောင်းကင်သို့ ပျံတက်ပြီး ငါးမိနစ်ခန့် အကြာတွင် ခုံနံပါတ်(၂) အတန်းဘယ်ဘက်မှ ဝါယာရှော့ခ် ဖြစ်ကာ မီးပွားများ ထွက်လာပြီး ညှော်နံ့များ ထွက်လာသောကြောင့် လေယာဉ်မယ်က မီးသတ်ဘူးဖြင့် ဖျန်းပြီးနောက် ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရ သည်ဟု ကာယကံရှင် ဦးသက်ထွန်းက ပြောကြားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်ပေါင်း ၃ သန်း ဝင်ရောက်ခဲ့သည်နှင့်အညီ
ပြည်တွင်း လေကြောင်းလိုင်းများလည်း တိုးလာခဲ့သည်။
မြန်မာနိုင်ငံတွင် Air Mandalay လေကြောင်းလိုင်း အပါအဝင် ပြည်တွင်း
လေကြောင်းလိုင်း ခုနစ်လိုင်း၊ ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်း ပြေးဆွဲလျက် ရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အထက်ပါကဲ့သို့ ဖြစ်စဉ်များအပြင် လေယာဉ်ပျက်ကျမှု၊ လေယာဉ်စက် ချို့ယွင်းကာ လေယာဉ် ပြေးလမ်းချော်မှုများ၊ လေယာဉ်မောင်းများ၏ ဆုံးဖြတ်ချက် အမှားများ၊ သက်တမ်းရင့် လေယာဉ်များ အသုံးပြုနေဆဲ ရှိခြင်းများကြောင့် ခရီးသွားအချို့ အသက်ပေးခဲ့ရသည့် သာဓကများ ယမန်နှစ်က ဖြစ်ပွားခဲ့ကြောင်း လေ့လာသူများက ပြောကြားသည်။
လေယာဉ် မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ လေယာဉ်ပြင်ဆင်သည့် အင်ဂျင်နီယာနှင့် လေယာဉ် မောင်းနှင်သူများကြောင့်သော
ပြန်လည် သုံးသပ်ပြီး လူကြောင့် ဖြစ်သည်ဆိုပါက လေယာဉ်
မောင်းနှင်သူနှင့် အင်ဂျင်နီယာများ၏ အရည်အသွေး ပိုမြင့်အောင် လေ့ကျင့် ရမည်ဖြစ်ကာ ပတ်ဝန်းကျင် ရာသီဥတုကြောင့် ဖြစ်ပါက ရာသီဥတု အခြေအနေကို ခန့်မှန်း၍ ပျံသင့်မပျံသင့် ဆုံးဖြတ်သင့်ကာ မစွန့်စားသင့်ကြောင်း၊ ပစ္စည်း ကြောင့် ဖြစ်ပါက သက်ဆိုင်ရာ လေယာဉ် ထုတ်လုပ်သည့်နိုင်ငံနှင့် ဆက်သွယ် အကြောင်းကြား၍ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။
No comments:
Post a Comment