The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Tuesday, June 18, 2013
သမ္မတဆီ ပို့ဖို့ ဒီကေဘီအေ ကြေညာချက် ထုတ်ပြန်
ဒီကေဘီအေက ဦးဆောင်ပြီး ကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲကနေ နိုင်ငံတော် သမ္မတဆီကို ပေးပို့ဖို့ အချက် ၈ ချက်ပါတဲ့ ကြေညာချက်ကို မနေ့က တတိယနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတဆီ ပို့ဖို့ ဒီကေဘီအေ ကြေညာချက် ထုတ်ပြန်
ဒီကေဘီအေ၊ ကလို့ထူးဘော ဌာနချုပ် တည်ရှိတဲ့ ဆုံဆည်းမြိုင်ရွာမှာ ဒီကေဘီအေက ဦးဆောင်ပြီး ကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲကနေ၊ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားရေးနဲ့ တန်းတူရေးကိစ္စတွေကို မဖြေရှင်းနိုင်တဲ့အတွက် ပြန်လည်ရေးဆွဲရန်၊ စစ်မှန်တဲ့ဖက်ဒရယ်စနစ် ပေါ်ပေါက်ဖို့အတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ တမျိုးသားလုံး ပါ၀င်တဲ့ ညီလာခံတရပ် ခေါ်ယူရန်၊ စတဲ့အချက် ၈ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲဒီကြေညာချက်ကို နိုင်ငံတော်သမ္မတ ဆီကို ဆက်လက် ပေးပို့သွားမှာ ဖြစ်ကြောင်း၊ ဒီကြေညာချက်နဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက် ထားရှိတာကို နှီးနှောဖလှယ်ပွဲကို ဦးစီးကျင်းပတဲ့ ဒီကေဘီအေ ကလို့ထူးဘော ဌာနချုပ် ဗျူဟာမှူး ဒုဗိုလ်မှူးကြီးဆန်းအောင် က ဘီဘီစီကို ပြောကြားရာမှာ လူသားချင်းစာနာတယ် ၊ ဒီနိုင်ငံရဲ့ကောင်းဖို့အတွက် ကြီးမားတဲ့တာဝန်ရှိတယ် ဆိုတဲ့ အ သိစိတ်ဓါတ် ရှိမယ်ဆိုရင်၊ သမ္မတ အနေနဲ့ ထည့်သွင်းစဉ်စားပြီးတော့၊ ဆောင်ရွက်သွားပေးမယ်လို့ မျှော်လင့်ကြောင်း ဆိုသွားခဲ့ပါတယ်။
ပြီးတော့ အခု ကျင်းပတဲ့နှီးနှောဖလှယ်ပွဲမှာ ခေါင်းဆောင်အဆင့်ဆိုလို့ ဒီကေဘီအေက ဗိုလ်ချုပ်စော လာပွယ်၊ ကေအင်ယူကေ အင်အယ်အေက ဗိုလ်ချုပ်ထိန်မောင်တို့ နှစ်ယောက်ဘဲ တက်ရောက်ပေမဲ့ ပြည်တွင်း ပြည်ပ ကိုယ်စားလှယ်တွေ စုံညီတယ်လို့ ဒုဗိုလ်မှူးကြီးဆန်းအောင် ပြောပါတယ်။
ဒါ့အပြင့် ပထမဆုံး အဆင့်ကနေ တဆင့်ပြီးတဆင့် တိုးတက် ဆောင်ရွက် သွားမှာတွေကိုလည်း ဒုဗိုလ်မှူးကြီး ဆန်းအောင်က ထပ်လောင်း ပြောသွားခဲ့ပါတယ်။
ကျွန်တော်တို့ အတွက် ဒါဟာ ပထမဆုံးခြေလှမ်း၊ လှေခါးထစ်ပဲ ရှိပါသေးတယ် ၊ ကျွန်တော်တို့ အနေနဲ့ သေးသေးလေးကနေ အလယ်အလတ်အထိ သွားမှာ ဖြစ်သလို အလယ်အလတ်အဆင့်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်ကြီးတွေ တက်ရောက်လာတဲ့ နေ့ကြရင် ပြည်တွင်းမှာ ရှိတဲ့အင်အားနဲ့ ပြည်ပမှာရှိတဲ့နိုင်ငံရေး အင်အား အပါအဝင် ပြည်သူတွေနဲ့ လက်နက်ကိုင်တွေ ပေါင်းစည်းမိတဲ့ တနေ့ကျရင် ကျွန်တော်တို့ အလယ်အလတ်ကနေ အကြီးအထိ လှမ်းသွားမယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ဒီကိစ္စတွေကို တကယ်လက်တွေ့ ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နိုင်မလဲ ဆိုတာကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပူးပေါင်းပါ၀င်တဲ့ အပေါ်မှာ မူတည်ကြောင်း သိရပါတယ်။
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment