International news for myanmar: အိုစမာဘင်လာဒင်အားနှိမ်နှင်းခဲ့သော Navy SEAL Team 6...:
ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက Navy SEAL ပါ။ တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy SEAL နဲ့ Team 6 တို့ရဲ့  အချက်အလက်အချို့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Navy SEALs ကို အမေရိကန်သမ္မတ John F. Kennedy မှ ၁၉၆၂ ခုနှစ်မှ စတင် ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှ အတော်ဆုံး ကွန်မန်ဒိုစစ်သားများ မွေးထုတ်ပေးပြီး စစ်ပွဲတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။
- SEAL ရဲ့  အနက်ကတော့ Sea-Air-Land ဖြစ်ပြီး ရေကြောင်း ၊ လေကြောင်၊ မြေကြောင်း စစ်ကြောင်း သုံးကြောင်းလုံးကို ပိုင်နိုင်တဲ့ စစ်သားများ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ တိုက်လေယာဉ်မောင်းနိုင်တယ်၊ စစ်သင်္ဘော၊ ရေငုပ်သဘော်၊ ကုန်းပေါ် စက်ယန္တရား အစုံအလင် အသုံးပြုနိုင်ပြီး စစ်စွယ်စုံကျမ်းလို့တောင် နာမည်ပြောင် ပေးထားပါတယ်။
- ယနေ့အချိန်အထိ Navy SEAL အဖွဲ့မှာ တပ်သား အင်အား ၃ထောင် ရှိပါတယ်။ စုံဂဏန်းတပ်သားများကို ဗာဂျီနီးယားကမ်းခြေ၊ မဂဏန်း တပ်သား များကို ကော်ရွန်နဒိုမှာ ထားပါတယ်။
- Seal အဖွဲ့ ၆ ကို ၁၉၈၀ ခုနှစ်က အီရန်နိုင်ငံက အမေရိကန် ဓားစားခံများအား ကယ်ဆယ်ဖို့အတွက် ဖွဲ့စည်းခဲ့ပါတယ်။
- အဖွဲ့ ၆ ဟာ သမိုင်းမှာ ရေကြောင်းစစ်ဆင်ရေးများပြီး ၂၀၀၁ နောက်ပိုင်းကျတော့ အီရတ်နဲ့ အာဖဂန်တို့မှာပါ ပါဝင်လာပါတယ်။
- Team 6 ရဲ့  တည်ရှိမှုကို ပင်တဂွန်နဲ့ အိမ်ဖြူတော် ကိုတောင် တော်ရုံလူ ပေးမသိပါဘူး။ အိုစမာဘင်လာဒင်ကို နှိမ်နှင်းပြီးမှ Team 6 ရှိတာကို အားလုံး သတိထားမိ လာခဲ့ကြပါတယ်။
- Team 6 မှာ လက်ရှိ တာဝန်ထမ်းဆောင်သော စစ်သား အယောက် ၃၀၀ ဝန်းကျင်ရှိပြီး အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်များ ဖြစ် ပါတယ်။ ခေတ်အဆက် ဆက်လည်း ယင်းအင်အားလောက်သာ ထားရှိပါတယ်။
- Team 6 ဟာ အခြားသော Teal 1,2,3 အစရှိသဖြင့်များထက် ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူရပါတယ်။ ဥပမာ - လေအမြင့် ပေ ၃သောင်းမှ အောက်စီဂျင်ဘူးနဲ့ ခုံချရတာမျိုး၊ ပင်လယ်မှာ ရေကူးခိုင်းတာမျိုးလောက်ထိကို ကြမ်းပါတယ်။
- လက်ရှိ အဖွဲ့ ၁၀ ခုမှာ Team 6 ဟာ နာမည်အကြီးဆုံး၊ အတော်ဆုံး အမေရိကန် ကွန်မန်ဒိုများအဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment