Tuesday, June 18, 2013

International news for myanmar: အင်ဒိုနီးရှားမှ လူသေပြုစုပွဲ

International news for myanmar: အင်ဒိုနီးရှားမှ လူသေပြုစုပွဲ:
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့  ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။ အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။ အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည် မြှုပ်နှံပေးသည်။
ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
---
Ref:renews.cn
..

No comments:

Post a Comment

One Young World 2016 Summit Highlights