The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Monday, June 17, 2013
.ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်..
..ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်..
Posted: 15 Jun 2013 02:52 AM PDT
သူငယ်ချင်းတို့ရေ..
နှင်းဆီ စာတွေဖတ်တဲ့အခါကြိုက်တဲ့စာလေးတွေ
သူငယ်ချင်းတို့ကိုဖတ်စေချင်တာလေးတွေကို တင်ပေးဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့်ကဗျာလေးက ညိုခက်ကျော်ရဲ့
ကဗျာမဟုတ်...ဆိုတဲ့ကဗျာလေးပါ သူပြောသလို
ကဗျာတကယ်မဟုတ်ပါဘူး ခံစားပေးပါဦးနော်...
ကဗျာမဟုတ်
ခုတစ်လောပိုက်ဆံဆိုတာကြီးက လူကိုဝင်ဝင်ပူးနေတယ်။
ရပ်ဝေးရပ်နီးဆိုတာလည်းပိုက်ဆံ
မကင်းရာမကင်းကြောင်းဆိုတာလဲပိုက်ဆံ
သာကြောင်းမာကြောင်းဆိုတာလည်းပိုက်ဆံ
ဖေဖေလည်းချမ်းမြေ့ပါစေ အားလုံးပဲချမ်းမြေ့ပါစေဆိုတာတွေလည်းပိုက်ဆံ
လေယာဉ်ပျံလက်မှတ်ဆိုတာလည်းပိုက်ဆံ
အသက်တမျှပါဆိုတာလည်းပိုက်ဆံ။
ပိုက်ဆံရှိရင်တစ်သက်လုံးလူသတ်လာလည်းပဲငြိမ်းချမ်းရေးပွဲစားလုပ်လို့ ရတယ်။
ပိုက်ဆံရှိရင်စစ်ပွဲတွေအားလုံးကိုဝယ်လို့ရတယ်၊ရောင်းလို့ရတယ်။
ပိုက်ဆံရှိရင် ဘ၀အဆက်ဆက် ခရီုနီ ပိုင်းလုံးကောင်လုပ်ခဲ့လည်း
ကျေစေ အေးစေ သင်ပုန်းချေ သူကောင်းအပြုခံလိုက်လို့ရတယ်။
ပိုက်ဆံရှိရင် ငြိမ်းငြိမ်းချမ်းချမ်းလေး အကြမ်းဖက်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် စာတစ်လုံးမှမတတ်လည်း ဘွဲ့လက်မှတ်အကြီးကြီးတွေဝယ်ပစ်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် တစ်သက်နဲ့တစ်ကိုယ် စာတစ်လုံးမှမဖတ်ခဲ့သမျှ
စာရေးဆရာလုပ်လို့ရတယ်၊ ကဗျာဆရာလုပ်လို့ရတယ်၊ဂျာနယ်လစ်လုပ်လို့ရသလို၊ ဂန္ထ၀င်ပတ်ဘလစ်ရှာကြီးလည်း
နေ့ချင်းညချင်းထလုပ်လို့ရတယ်။
ပိုက်ဆံရှိရင် သူ့သမိုင်းကိုယ်ရေး၊ ကိုယ့်သမိုင်းသူရေး ရေးပစ်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် ဘယ်လောက်ပဲပိန်းပိန်း ယဉ်ကျေးပျူငှာ မေတ္တာရှင်မလေးလဲလုပ်လို့ရတယ်။
ပိုက်ဆံရှိရင် တစ်သက်လုံးသောက်တလွဲလုပ်လာသမျှတွေကိုဂျီးနီးယပ်စ်လို့နာမည်ကောက်တပ်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် ဘ၀ဆိုတာအငိုနဲ့စပေမယ့် အငိုနဲ့ဆုံးချင်မှဆုံးမယ်။
ပိုက်ဆံမရှိရင် ခေတ်အဆက်ဆက် သူရဲကောင်းဖြစ်လာခဲ့လည်းသမိုင်းတစ်ကွေ့မှာ အဆိုးမြင်ဝါဒီဖြစ်သွားနိုင်တယ်။
ပိုက်ဆံမရှိရင် ဗလာပွဲမှာတောင်ဟိုးနောက်ဆုံးကမတ်တတ်ရပ် တိုးဝှေ့ကြည့်ရတယ်။
ပိုက်ဆံမရှိရင် လူမြင်မကောင်းအောင်ယိုင်နေတဲ့သမိုင်းကိုပြန်တည့်ဖို့လဲ
ကြိုးစားမနေနဲ့တော့ (အင်မတန်ဝမ်းနည်းပါတယ်)
ပိုက်ဆံမရှိရင် အင်တာနေရှင်နယ်နဲ့ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကြီးကိုပါးစပ်အလေးခံပြီး
ဆက်ငုံထားဖို့စိတ်ကူးမနေနဲ့တော့။
ပိုက်ဆံမရှိရင်ချစ်တာတွေသစ္စာတွေမေတ္တာတွေဆိုတာရွှေမန်းသဘင်မှာ။
ပိုက်ဆံမရှိရင် မိဆွေဆွေ နင်မစားမနေနိုင်တဲ့ ပင်ပျိုရွက်နု လက်ဖက်နဲ့သုံးပြန်ကြော်၊နန်းသပြေ ငါးခြောက်တွေ ခုလို
နပ်မှန်အောင်စားနိုင်မှာမဟုတ်။
ပိုက်ဆံမရှိရင် မိဆွေဆွေ နင်အင်မတန်အော်ဂလီဆန်တဲ့ မက်ဒေါနားဘာဂါနဲ့ကော့စကိုပီဇာနေ့ရောညပါကိုက်နေရမယ်
(အမယ်လေး တွေးလိုက်တာနဲ့အန်ချင်တယ်)
ပိုက်ဆံမရှိရင်မိဆွေဆွေမက္ကဆီကန်တောထဲကနေထွက်နိုင်မှာမဟုတ်။
ပိုက်ဆံမရှိရင် တဲတဲလေးချည်ထားတဲ့ ကိုယ့်ဝိညာဉ်ကြိုးတောင်ကိုယ်ပြန်ဆောင့်ဆွဲချင်တယ်။
တချို့တချို့တွေက
ပိုက်ဆံအနည်းအများဆိုတာနဲ့ သိက္ခာဖြောင့်ကြတယ်။သိက္ခာကောက်ကြတယ်။ သိက္ခာဆယ်ကြတယ်။
သိက္ခာကယ်ကြတယ်။
မရယ်ပါနဲ့၊ဒီခေတ် ဒီအခါမှာ ဘ၀ဘ၀တွေကိုချချရေးကြတဲ့အခါ
လက်ရေးလက်သားကဒီလိုပဲပေါ့....
တစ်သက်လုံးသိပ်ကြိုက်ခဲ့တဲ့ ..အဆိပ်ငွေကြေး..ဆိုတာနားထောင်လို့ပဲကောင်းပြီး
ဆိုလို့ကောင်းတဲ့သီချင်းမဟုတ်ဆိုတာ ဒီနေ့မှမသိရင်ညည်းတရားထူးလွတ်ပြီသာမှတ်။ ။
တွေးတောဆင်ခြင်နိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment