The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Monday, June 17, 2013
ခေါင်းဆောင်မတင်ထိုက်သူများ----
ခေါင်းဆောင်မတင်ထိုက်သူများ----
Posted: 15 Jun 2013 04:59 PM PDT
ခေါင်းဆောင် မတင်ထိုက်သူများ
********************
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”
၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။
၁။ ဂဏန်း
ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။
၂။ ပုတ်သင်
ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။
၃။ ၀ါးပင်
ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။
၎။ နွားသိုး
နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။
၅။ လိပ်
လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)
၆။ ခွေးအ
ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။
(မှတ်ချက်--ဖေ့ဘွတ်မှ ပြန်လည်ဝေမျှသည်။)
ခွင့်သာခိုက်မှ မလိုက်ချင်လျင်---(သံဝေဂကဗျာ)
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment