The 2019 Youth Development Foundation was started in Myanmar. Vision - To leading up to youths Event, Conference, Workship, Seminary, Scholarship To help disable, Elder for shelter, Helping young people living on the street, Ophanage To Develop of rural areas, water, electric, agriculture, lower income Mission Our mission is inspired to transform life of young people an opportunities to transform their lives
Thursday, May 23, 2013
အခကြေးယူ ဆန္ဒပြတယ်ဆိုတဲ့ သမ္မတပြောဆိုချက်အပေါ် ကန့်ကွက်ဆန္ဒပြ
အခကြေးယူ ဆန္ဒပြတယ်ဆိုတဲ့ သမ္မတပြောဆိုချက်အပေါ် ကန့်ကွက်ဆန္ဒပြ
နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်နော်အုံးလှ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၀ ဦးလောက်ဟာ ရန်ကုန်မြို့ တာမွေအ၀ိုင်းကနေ ဆူးလေဘုရားအထိ ဒီနေ့ညနေပိုင်းက ဆန္ဒပြလမ်းလျှောက်ကြပါတယ်။
အခုလို ဆန္ဒပြလမ်းလျှောက်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဒေါ်နော်အုံးလှက သတင်းထောက်တွေကို အခုလိုပြောပါတယ်။
“အန်တီတို့က လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ၊ ကိုယ့်နိုင်ငံမှာ မတရားဖိနှိပ်မှုတွေကို အန်တီတို့က ဝိုင်းကူညီတယ်၊ ဒါကို သမ္မတက အမေရိကန်သွားတဲ့အခါကျတော့ နေ့စားခယူပြီးတော့လုပ်တာဆိုပြီးပြောတယ်၊ အဲဒါကို အန်တီတို့က ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”
ဆန္ဒပြသူတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသပ်ရပ်စဲရေး၊ လက်ပံတောင်းတောင်ဒေသမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
ဒေါ်နော်အုန်းလှအပါအ၀င် ၁၀ ဦး ကျော် ပါဝင်ခဲ့တဲ့ ဆန္ဒပြလမ်းလျှောက်သူတွေကို မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက တားဆီးသတိပေးခဲ့ပေမယ့် ဖမ်းဆီးအရေးယူတာတွေတော့ မရှိခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ကြိုတင်ခွင့်ပြုချက်မယူပဲ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
-
နည်းပညာမြို့တော်: Microsoft Save as PDF : မိမိတို့ရဲ့Microsoft file တွေကို PDF အဖြစ်ပြောင်းချင်တယ်ဆိုရင် ဒါလေးဆောင်ထားပါ။ This download all...
-
zothangman@gmail.com
No comments:
Post a Comment